Monday, March 12, 2012

Facebook ရေးသားသူများကို အီလက်စရောနစ်ဥပဒေကြီးနဲ့  ခြိမ်းခြောက်ပြန်ပြီ

 ၁၂-၃-၂၀၁၂
မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ဟာအရေးကြီးပါတယ်။ဒီမိုကရေစီတိုင်းပြည်တွေမှာ ဥပဒေပြုရေး
 မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နောက်ပြီးတော့ သတင်းမီဒီယာက စတုတ္ထမဏ္ဍိုင်
လို့  အဆိုရှိပါတယ်။
သမတကြီး ဦးသိန်စိန်ကလည်  အစိုးရ တစ်နှစ်ပြည့် မိန့် ခွန်းမှာ သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်
လို့  ဆိုထားပါတယ်။
သို့ သော်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ လက်ရှိအစိုးရကို ယုံကြည်လို့ တော့မရသေးပါ
ဘူး။နောက်ကြောင်းပြန်နိုင်တဲ့အနေအထားတွေကို တွေ့ မြင်နေရပါတယ် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နောက်ပြီးတော့ သတင်းမီဒီယာ က စတုတ္ထမဏ္ဍိုင် အား
လုံးဟာ ယိမ်းယိုင်နေပြီး ဥပဒေစိုးမိုးမှုမရှိသေးသ၍ စိတ်မချရသေးပါဘူး။ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်က အလွန်အရေးကြီးပါတယ်။ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ မရှိဘူးလို့ နိုင်ငံတကာ သတင်းစောင့်ကြည့်ရေးအဖွဲ့ကြီးတွေက သုံးသပ်ထားပါတယ်။သမတကြီးက ရှေ့ ကပြောလိုက် နောက်
ကဖေါ်လိုက်နဲ့  ဥပဒေနဲ့ ခြိမ်းခြောက်နေသ၍ ဒီနိုင်ငံမှ လွတ်လပ်တရားမျှတမှုဆိုတာ မရှိသေးတာ
ထင်ရှားစွာ တွေ့ မြင်နေရပါတယ်။