Sunday, March 11, 2012

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
၁၄ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား မိန့် ခွန်း
ပြည်သူများ စိတ်ဝင်နေ

 ၁၁-၃-၂၀၁၂
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ မူဝါဒများကို
မတ်လ ၁၄ ရက်နှင့် ၂၂ ရက်နေ့ များတွင် မြန်မာ့ရုပ်မြင်သံကြားမှနေ၍ ပြည်သူလူထုကြီးအား ဂါရဝ
တရားအလေးထားကာ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင် အရေးပါသော (၁)ဥပဒေစိုးမိုးရေး
(၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး တို့ ကို ဦးစားပေးကာ ဒီမိုက
ရေစီမူဝါဒများကို အများပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။

ပြည်သူများကလည်း အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်းများကို နားထောင်
လိုသောဆန္ဒပြင်းပြနေကြပြီး တောင်သူလယ်သမား အလုပ်သမား ၀န်ထမ်းများ ကျောင်းသား လူငယ်
ထုကြီးမှ စိတ်ဝင်စားမှုများပိုမိုများပြားလာနေသည်ဟု သိရှိရသည်။ ထိုနေ့ ရက်အတွက် ပြည်သူများ
ကြိုတင်ပြင်ဆင်နေကြသည်ဟု ပြည်တွင်းသတင်းဌာနများတွင် အသံများထွက်ပေါ်နေသည်။