skip to main |
skip to sidebar
၅-၃-၂၀၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မိထ္ထီလာပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုဆို
ကြပြီး မိန့်ခွန်းပြောကြားစဉ် သောင်းနဲ့ ချီသော ချစ်ခင်လေးစားကြသူများက လာရောက်အား
ပေးကြတယ်လို့  သိရပါတယ်။
အခုတစ်လော
ဒီမိုကရေစီ ဒီမိုကရေစီပြောနေပြီးတော့ ဘာအဓိပ္ပါယ်လဲဆိုတာ နားမလည်ဘူးလို့ ပြောတဲ့လူရှိပါတယ်။ နားမလည်တဲ့သူတွေကို ရှင်းပြရမယ့်တာဝန်ဟာ
နိုင်ငံရေးပါတီတွေရဲ့ တာဝန်ပါပဲ။ ဒီမိုကရေစီဆိုတာ
ရိုးရိုးရှင်းရှင်းပြောရရင် အဓိပ္ပါယ်က ပြည်သူ့အင်အား ပြည်သူ့ အာဏာပါ။
အများပြည်သူရဲ့ သြဇာအာဏာလွှမ်းမိုးတဲ့ အစိုးရစနစ်။ နောက်တစ်ခုပြောရမယ်ဆိုရင်
အစိုးရက ပြည်သူကို ထိန်းချုပ်တာ နှိပ်ကွပ်တာမဟုတ်ဘဲ ပြည်သူက အစိုးရကို
ထိန်းချုပ်တဲ့ စနစ်ပဲဖြစ်ပါတယ်။
အစိုးရဟာ ပြည်သူရဲ့အလိုကျ လုပ်ရတယ်။ ပြည်သူအလိုကျမလုပ် ဘူးဆိုရင်
နောက်ရွေးကောက်ပွဲကနေတဆင့် ပြည်သူကအစိုးရကို အလုပ်ကနေထုတ်လိုက်လို့ရတယ်။
ရိုးရိုးပြောရရင် ဒါပါပဲ။ ပြည်သူမဲပေးမှ အစိုးရဖြစ်နိုင်တယ်။ အဲဒီတော့
ပြည်သူတွေအနေနဲ့ အစိုးရကို မဲပေးပြီးစောင့်ကြည့်ပေါ့။ မဲပေးလိုက်တယ်၊
မဲပေးလို့တက်လာတဲ့ အစိုးရအနေနဲ့ ပြည်သူတွေကို ဘယ်လောက်လုပ်ပေးနိုင်လဲဆိုတာ
လေ့လာ တာဖြစ်ပါတယ်။ မဲလိုချင်တုန်းကတော့ အမျိုးမျိုးပဲ ကတိပေးကြတာပေါ့။
ဟိုဟာလုပ်ပေးပါ့မယ်။ ဒီဟာလုပ်ပေးပါမယ်။ ဒေသဖွံ့ဖြိုးရေးအတွက်
လုပ်ပေးပါမယ်ဆိုပြီး အမျိုးမျိုးပဲ ကတိတွေပေးကြတာပေါ့။
တကယ်အစိုးရဖြစ်သွားတော့ ပေးထားတဲ့ကတိတွေ ဘယ်လောက်တည်သလဲဆိုတာ
လုပ်ကြည့်မှ သိကြ တာပေါ့။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)