၈-၃-၂၀၁၂
တစ်တိုင်းပြည်လုံး အတိုင်းအတာအရ မဲဆန္ဒရှင် အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာမှာ စာရင်းပါဝင်သူတချို့ဟာ မဲပေးခွင့် မရှိသူတွေ ဖြစ်တာကြောင့် အသေအချာပြန်လည် စိစစ်နိုင်အောင် အချိန်ကာလတိုးပြီး သတ်မှတ်ပေးဖို့ NLD ပါတီက
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့ စာပေးပို့ မေတ္တာရပ်ခံလိုက်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမယ် ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ် ရွေးကောက်ပွဲကော် မရှင်ကို တိုင်ကြားထားပါတယ်။
ရေးစည်းရုံးရေးမှုးများမှ မဲဆွယ်ရာတွင် ကြံ့ခိုင်ရေးပါတီသို့  မဲပေးသူများအား ငွေကျပ်သိန်းစီပေး မည် ဟူ၍လည်းကောင်း အိမ်ယာများဆောက် လုပ်ပေးမည်ဟူ၍လည်းကောင်း ၊ ကျေးရွာအလိုက်မဲ
အများဆုံးရရှိသည့် ကျေးရွာများကိုဆုငွေများချီးမြင့်သွားမည်ဟု လေသံလွှင့်စည်းရုံးနေသကဲ့သို့  မဲမပေးသူများအား ယခုလက်ရှိကြံ့ခိုင်ရေးပါတီမှ အတိုးနှုန်း ၂ကျပ်နှုန်း ဖြင့် ထုတ်ချေးပေးနေခြင်းအား ဆက်လက်ထုတ်မပေးတော့  ဟူ၍လည်း နောက်ကွယ်မှ တရားမ၀င်သောနည်းလမ်းများဖြင့် စည်းရုံးနေသည်ဟုလည်းသိရပါသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင်တားမြစ်ချက်တွေ
ရှိခဲ့ဒါကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ သိရပါတယ်။
ယခုလို ကြားဖြတ်ရွေးကောက်ပွဲမှာ မသမာမှုတွေ ခြိမ်းခြောက်မှုတွေ ကျူးလွန်မှုတွေကို အစိုးရ
အာဏာပိုင်များအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရပါမယ်။ ယခုလိုအတိုင်း ဆောင်ရွက်သွားမယ်
ဆိုရင် ဒီရွေးကောက်ပွဲကို သန့် ရှင်းမှုမရှိ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲလို့  နိုင်ငံတကာက ယူဆ
ကြမှာဖြစ်ပါတယ်။ယခုအချိန်ဟာ အရင်နှစ်တွေနဲ့ မတူဘဲ သတင်းလွတ်လပ်မှုရှိနေတဲ့အတွက် ဖုံးချင်
သလိုဖုံး ဖွက်ချင်သလိုဖွက်လို့  ရတဲ့ခေတ်မဟုတ်တော့ပါဘူး ပြည်သူတွေကလည်း မိမိတို့ လွတ်လပ်
ခွင့်ကိုသိနေကြပြီး အဖက်ဖက်ကနေ ကလိမ်ကကျစ်တွေကို စောင့်ကြည့်နေကြတဲ့အတွက် အခုအချိန်
မှာ သန့် ရှင်းမှုမရှိရင် ရွေးကောက်ပွဲတွေကို ပြည်သူက ယုံကြည်မှာမဟုတ်ပါဘူး ဒါကြောင့် ရွေးကောက်
ပွဲကော်မရှင်အနေနဲ့  ဘက်မလိုက်ဘဲ သန့် သန့် ရှင်းရှင်း ဆောင်ရွက်ဖို့ အရေးကြီးပြီး ဒီရွေးကောက်ပွဲ
မသန့် ရှင်းမှုနှင့် တရားမျှတမှုမရှိလျှင် ပြဿနာများကြီးထွားလာစေနိုင်ပြီး တာဝန်ရှိပါကြောင်း
ပြောကြားလိုပါတယ်။
ပြည်သူတွေအနေဖြင့်လည်း မတရားတာတွေ့ ရင် အထောက်အထားများဖြင့် အများပြည်သူသိရှိ
အောင် ဖော်ထုတ်ပြောဆို တိုင်ကြား အကြံပြုချက်များ ရေးသားကြဖို့ လိုအပ်ပါသည်။ရွေးကောက်
ပွဲတရားမျှတရေး ပြည်သူတွေအနေဖြင့် ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးဖို့  တိုက်တွန်းအပ်ပါသည်။

ဖြိုးကိုကိုတင့်ဆန်း ၀င်ရောက်အရွေးချယ်ခံမည့် မြောင်းမြ မြို့ နယ် မဲဆန္ဒနယ်တွင် ကြံခိုင်