Friday, March 16, 2012

ပြည်သူပိုင်ဘဏ္ဍာကိုအလွဲသုံးစားလုပ်ခြင်းနဲ့လဒ်စားမှုကို ပြတ်သားစွာအရေးမယူနိုင်လျှင်


 ၁၆-၃-၂၀၁၂
မြန်မာပြည်မှာ၊ စစ်အာဏာရှင်စနစ်ခိုင်မြဲအောင်တွန်းပို့တဲ့၊ အကြောင်းအရင်းတခုဖြစ်တဲ့ ခြစားလဒ်စားမှု များကိုပြတ်ပြတ်သားသား အရေးယူနိုင်/မနိုင် ဆိုတဲ့အချက်ဟာလည်း၊ စစ်အာဏာရှင် တဖြစ်လဲ ဦးသိန်းစိန်အစိုးရကို၊ မြန်မာပြည်နှင့်ပြည်သူလူထုအတွက်၊ ရိုးသားမှုရှိ/မရှိ ဆိုတဲ့အကဲဖြတ် ချက် ထုတ်နိုင်ပေမည်။

ယခုအချိန်အထိတော့၊ စစ်အာဏာရှင်များဟာ ၎င်း တို့ရဲ့မတရားလုပ်ဆောင်ချက်များ၊ မသမာမှုများ၊ လဒ်စားထားမှုများကိုဖုံးကွယ်ထားလိုတဲ့ဆန္ဒတွေအပြည့်အဝရှိနေကြတာကိုတွေ့ရတယ်။ တကယ်တမ်း တိုင်းပြည်ကိုတိုးတက်စေချင်တယ်ဆိုရင်တော့၊ တဦးချင်းစီအလိုက် အနစ်နာခံမှုတော့ရှိရမှာအမှန်
ပင်ဖြစ်သည်။

ဒီလိုငွေစာရင်းကွာနေတဲ့ကိစ္စတွေကို၊ ပြည်သူတွေသိအောင်၊တင်ပြပေးတဲ့ the voice weekly ဂျာနယ်ဟာလည်းပြည်သူတွေအတွက်လုပ်သင့်တဲ့အလုပ်ကိုလုပ်ခဲ့တယ်လို့သတ်မှတ်ပါတယ်။

ပြည်သူပိုင်ပစ္စည်း၊ တိုင်းပြည်ပိုင်ဘဏ္ဍာငွေတွေကို၊ တဦးတယောက်ရဲ့ကိုယ်ကျိုး (သို့) လူတစရဲ့
အကျိုးအတွက်သာသုံးစွဲခြင်းဟာ၊ ဘယ်နိုင်ငံဘယ်နေရာမှာမှ၊ ခွင့်ပြုထားခြင်းမရှိသလို၊ မြန်မာပြည်မှာ လည်း၊ အလားတူ၊ ငွေရေးကြေးရေးဖေါက်ပြန်မှု၊ အလွဲသုံးစားလုပ်မှုများရှိခဲ့ပါလျှင်၊ တရားဥပဒေအရ၊ အရေးယူအပစ်ပေးခံရသင့်ပါသည်။ သို့မဟုတ်ပါက၊ ဒီမိုကရေစီ သို့သွားနေပါသည်ဟုကြွေးကြော်နေ
သော၊ မျက်နှာဖုံးစွပ် စစ်အာဏာရှင်များအတွက် ယုံကြည်နိုင်စရာအကြောင်းတကွက်မှ ရှိတော့မှာ 
မဟုတ်လို့   မြင်ပါတယ်။

ဒီလဒ်စားမှုတွေအပေါ်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းသော စံနမူနာပြလုပ်ဆောင်ခြင်း မျိုးကိုလုပ်နိုင်ဖို့အတွက်ဆိုလျှင်၊ ငွေကြေးအလွဲသုံးစားမှုကို လုပ်ဆောင်သူများ၊ ပါဝင်ပတ်သက်သူ များအနေ နှင့် တိုင်းပြည်အတွက်အနစ်နာ ခံသောအားဖြင့်၊ လုပ်ရဲလျှင်ခံရဲရမည်ဟူသောမူကိုထုတ်   ဖေါ်ပြသနိုင်မယ်ဆိုလျှင်၊ တိုင်းပြည်နှင့်လူမျိုးအတွက်၊ အလွန်ကောင်းမွန်သင့်မြတ်လိမ့်မည်   ဟုယုံကြည်ပါသည်။

လက်ရှိသဘောကိုကြည့်မယ်ဆိုရင်လည်း၊ ထိုကဲ့သို့လုပ်ဆောင်ထားသူများမှာ၊ စစ်ဗိုလ်များပင်ဖြစ် တယ်ဆိုတာ၊ ပြည်သူကသိပြီးသားပင်ဖြစ်သည်။ ဒါဆိုရင်စစ်သားဆိုတာလုပ်ရဲရင်ခံရဲရတယ်ဆိုတာပြသ
ဖို့ လိုအပ်ပြီလို့တိုက်တွန်းလိုက်ချင်ပါသည်။

တဆက်ထဲမှာဘဲ၊ ဦသိန်းစိန် အစိုးရအနေနဲ့ကြွေးကြော်ထားတဲ့ clean government, good governance ဆိုတာကိုပြတ်ပြတ်သားသားထုတ်ဖေါ်ပြဖို့အချိန်တန်ပြီလို့ထင်မြင်မိပါသည်။ TARZAN88