skip to main  |
      skip to sidebar
 မတ်လ ၁၅ ရက်၊ ၂၀၁၂၊ (YPI)                                                                                  ကချင်ပြည်နယ်ရှိ
 စစ်ပြေး ဒုက္ခသည်များအား  အမေရိကန် အစိုးရမှ ကန်ဒေါ်လာ ၁.၅ သန်းကို ကုလသမဂ္ဂ 
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တဆင့်ကူညီမည်ဟု  
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က 
ယနေ့နေ့လည် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။ 
ဒဲရစ်မစ်ချယ်က ကချင်ဒုက္ခ္ခသည်များ အရေးကိစ္စအပြင် လာမည့် 
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆွယ်ရာတွင် 
လွပ်လပ်စွာပြောဆိုမဲဆွယ်ခွင့်၊ လူထုပရိသတ်ကလည်း လွတ်လပ်စွာ 
လာရောက်နားထောင် ခွင့်တို့ ရှိရန် လိုအပ်သည်ဟု ပြောဆိုသွားသည်။ 
ကြားဖြတ်ရေးကောက်ပွဲ လွတ်လပ် မျှတမှုအပေါ် မူတည်ကာ အမေရိကန်နိုင်ငံမှ 
မြန်မာနိုင်ငံသို့ အကူ အညီများ တိုးမြှင့်ပေးအပ်သွားမည်ဟုလည်း ပြောဆိုသည်။ 
 သတင်းစာရှင်းလင်းပွဲကို အမေရိကန် သံရုံးတွင်ကျင်းပခဲ့ကာ စုစုပေါင်း ၁၉ မိနစ်ကြာမြင့်သည်။ 
 အမေရိကန်မူဝါဒ ညှိနှိုင်းယခုလ ၁၁ ရက်နေ့တွင် 
မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး လွှတ်တော် ၂ ရပ်၏ ဥက္ကဋ္ဌများ၊ နိုင်ငံခြားရေး
ဒေါ်အောင်ဆန်းစုကြည်  အား ၎င်း၏နေအိမ်တွင် ယမန်နေ့ညနေက သွားရောက်တွေ့ဆုံခဲ့သည်။