၁၆-၃-၂၀၁၂
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ကနေ လားရှိုးမြို့ ကို လေကြောင်းခရီးနဲ့ သွားရောက်မှာ ဖြစ်ပြီး၊ လားရှိုးက ရန်တိုင်းအောင် ကွင်းမှာ ညနေ ၃ နာရီလောက် လူထုကို ဟောပြော
ဖို့  စီစဉ်ထားတယ် လို့ သိရှိရပြီး လားရှိုး ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင် အရွေးခံမယ့် ပါတီဝင် တဦးဖြစ်တဲ့ စိုင်းမြင့်မောင်က ပြောပါတယ်။
မန္တလေး စစ်ကိုင်း မြစ်ကြီးနား အောင်ပန်း ကလော စသည့်ဒေသတွေကို စည်းရုံးရေးဆင်းခဲ့ရာ သိန်းနဲ့ ချီတဲ့ ပြည်သူမျာက ကြိုဆိုခဲ့ကြပါတယ်။