skip to main |
skip to sidebar
15-3-2012 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်တို့လာမည့်ကြားဖြတ် ရွေးကောက်ပွဲဆိုင် ရာအခြေအနေများ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
''ဥပဒေစိုးမိုးရေးနဲ့
ပတ်သက်လို့ မီဒီယာလွတ်လပ်ခွင့်လည်း လိုတယ်ဆိုတာ ပြောပြီးပြီလေ။
မီဒီယာလွတ်လပ်ခွင့်ရှိမှ ဥပဒေစိုးမိုးရေးကို ဖေးမပေးနိုင်မှာပေါ့။ အမှန်ကို
အမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာဟာ၊ မီဒီယာ လွတ်လပ်မှုကို
ကန့်သတ်တယ်ဆိုတာဟာ နိုင်ငံရဲ့တိုးတက်ရေးကို ကန့်သတ်တာနဲ့ အတူတူပဲလို့
ယုံကြည်တယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်
ပြောကြား (၀န်ကြီးဌာနက ဂျာနယ်အပေါ် တရားစွဲဆိုခြင်းနှင့် စပ်လျဉ်း၍
မီဒီယာသမား တစ်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က
အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။)
''လာမည့်ကြားဖြတ်ရွေးကောက်ပွဲများအတွက်ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည် များကို
စောင့်ကြည့်စေလိုကြောင်း၊ ပြည်သူသာ ပထမဆိုသည့်နိုင်ငံရေးကို
မိမိတို့လိုလားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် ပြည်သူများကိုကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့၏ရာထူးများကို အပြည့်အဝ
အသုံးချသင့်ကြောင်း'' အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသည်။
''ခုနစ်လအတွင်း
မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း၊
ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှာ
အလွန်အကျိုးရှိသည့်တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း၊ နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးမှုများမှာလည်း အလွန်အကျိုးရှိသည့်တွေ့ဆုံဆွေးနွေးမှုများဖြစ်ကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများအတွက် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေး အတွက် နေပြည်တော်တွင် ဆွေးနွေးခဲ့သော်လည်း တိကျသေချာသည့်အာမခံမှု ပြည်ထောင်စုရွေး ကာက်ပွဲကော်မရှင်မှ မရရှိခဲ့ကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ရေးသည် မိမိတို့အတွက် အလွန်အရေးကြီးကြောင်း'' အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်စိန်၏ ယခင် ပြောကြားချက်များတွင် နိုင်ငံတကာရွေးကောက်ပွဲ ကော်မရှင် စောင့်ကြည့်ရေးအဖွဲ့ များကို စဉ်းစားပေးမည်ဟု အာဆီယံ ဥက္ကဌ လာရောက်စဉ် ဂတိပေးခဲ့ပြီးလည်း ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပရန် ၁၅ ရက်သာလိုတော့သည့်အတွက် ယခုအချိန်အထိ နိုင်ငံတကာကို ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် သမ္မတ၏ အာဏာ အပြည့်အ၀မရှိသည်မှာ ထင်ရှားနေပြီး ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မရရှိသော ကြောင့်ဟုသိရှိရပြီး နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ဟု နေပြည်တော်ဗိုလ်ချုပ်ကတော် အသိုင်းအ၀ိုင်းမှ သတင်းများထွက်ပေါ်နေပါသည်။