ဒေါ်အောင်ဆန်းစုကြည် ဝေါမြို့တွင် နှုတ်ဆက်စဉ်
စစ်တောင်းတံတား အဆင်းတွင်လာရောက်ကြိုဆိုသူများကို နှုတ်ဆက်စဉ်
ကျိုက်ထိုမြို့ ပြည်သူများက ကြိုဆို
ဒေါ်အောင်ဆန်းကြည်အားတွေ့ဆုံခွင့်ရရှိရန် strand hotel ရှေ့တွင်စောင့်စားနေသော
မော်လမြိုင်လူထု
၁၀-၃-၂၀၁၂
ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်
အဖွဲ့သည် ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀
မိနစ်ဝန်းကျင်တွင်ဆိုက်ရောက်ကြ ကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားသည်။
ဒေါ်အောင်ဆန်းစုကြည်ကားတန်းမှာ ညနေ ၄နာရီ တွင် သထုံမြို့သို့ ၀င်ရောက်လာပြီဖြစ်သည်။
သထုံမြို့ ရွှေစာရံ ဘုရားရှေ့ အ၀ိုင်းတွင် များပြားလှသည့်လူပရိသတ်က
စောင့်ကြိုလျှက်ရှိသည်ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်
မော်လမြိုင်မြို့သို့ ည ၈ နာရီ ကျော်တွင် ရောက်ရှိလာရာ ကြိုဆိုသူ၊
လာ ရောက် ကြည့်ရှုသူကားအစီး ၄၀၊ ၅၀ ဆယ်ကျော်နှင့်ဆိုင်ကယ် ထောင်ချီရှိသည်ဟု
မော်လမြိုင်မြို့ခံ တဦးက ပြောသည်။ မြို့အ၀င် သံလွင်တံတားမှ ဆင်းပြီးနောက်
အနောက်တပ်မြေ လမ်းအတိုင်း
ကမ်းနားဟိုတယ်သို့
တောက်လျှောက်မောင်းနှင်သွားရာ လိုက်ပါကြိုဆိုသူ ဆိုင်ကယ်များဖြင့်
လမ်းပိတ်လုမတတ်ရှိသည်ဟု မြို့ခံတဦးက YPI သို့ပြောသည်။