10-3-2012
မြန်မာစာနယ်ဇင်းသမဂ္ဂပေါ်ပေါက်ရေး
အစည်းအဝေးတစ်ရပ်ကို ယနေ့ နေ့လယ် ၁ နာရီက
ဆရာ စံလမ်းရှိ SS Food Center မှာ
ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့အခြေစိုက်
သတင်းဂျာနယ်များမှ တာဝန်ရှိသူအချို့တက်ရောက်ခဲ့ ကြပြီး
လွတ်လပ်၍အမှီအခိုကင်းသော စာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေးနှင့် သတင်းထောက် များ
အတွက်တာဝန်ယူမှုနှင့် အကာအကွယ်ပြုနိုင်မှု ကိစ္စရပ်များ
ကိုဆွေးနွေးခဲ့ကြကြောင်းသိရ သည်။
အစည်းအဝေးသို့ ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ
တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖေမြင့်(ပြည်သူ့ ခေတ်ဂျာနယ်)၊ ဦးမော်လင်း၊
ဦးစန်းဦး(စိတ်ကူးချိုချို )၊ ဦးချစ်ဝင်းမောင်၊ ဦးအားမာန်
(7 Day News)၊ ဒေါ်အေးအေးဝင်း(နိုင်ငံခြားသ တင်းထောက်များအသင်း)၊ ဦးဇော်သက်ထွေး
(Freelance)၊
ကိုမျိုး(မြန်မာစာ)၊ ဦးဝေဖြိုး(Eleven Media Group) ၊ဦးမာဂျေ၊
ဦးဝင်းကျော်ဦး၊
ဦးသူရအောင်၊ ဦးမြင့် မောင်ကျော်၊
ဦးဥာဏ်လင်းအောင်၊ဦးသောင်း ထိုက် (True Newsဂျာနယ်)၊
ဦးဝင်းမော် အစရှိသူများတက်ရောက်ခဲ့ကြေ ကာင်းသိရသည်။