skip to main |
skip to sidebar
၁၄-၃-၂၀၁၂ နိုင်ငံ့ဝန်ထမ်းများအတွက်
အပိုထောက်ပံ့ကြေးငွေကို တစ်လလျှင် ငွေကျပ်သုံးသောင်း တိုးမြင့်
ပေးလိုက်ကြောင်းနှင့် နေ့စားဝန်ထမ်းများအား မူလ သတ်မှတ်ထားသည့်နှုန်းထား
ကျပ် တစ်ထောင့်တစ်ရာအပေါ် ကျပ်တစ်ထောင် တိုးမြင့်ပေးလိုက်ပြီး စုစုပေါင်း
ကျပ်နှစ်ထောင့်တစ်ရာ တိုးမြင့်ပေးမည်ဖြစ်ကြောင်း
နိုင်ငံပိုင်ရုပ်သံလိုင်းများမှတစ်ဆင့် သတင်းထုတ်ပြန် ကြေငြာခဲ့ပါ သည်။ အဆိုပါ တိုးမြှင့်မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။နိုင်ငံ့ ဝန်ထမ်းများ၏
လစာအပေါ် ရှားပါးစရိတ် ကျပ်သုံးသောင်း ထပ်မံတိုးမြင့်ပေးလိုက်ကြောင်း
သတင်းရရှိပါသည်။ သတင်းကို ဆက်လက်ဖော်ပြသွားပါမည်။
အစိုးရ၀န်ထမ်းများ လစာတိုးပေးရေး
စဉ်းစားရာတွင် ယင်းလုပ်ရပ်၏ အကျိုးဆက်ကို ခံစားရမည့် အစိုးရ၀န်ထမ်း
မဟုတ်သည့် ပြည်သူများအား ငဲ့ကွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်က မတ်လ ၁ ရက်နေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
မိန့်ခွန်းပြောရာ၌ ထည့်သွင်း ပြောကြားသည်။