မတ်လ ၁၇၊ ၂၀၁၂ (YPI) မွန်းလွဲ ၃ နာရီ ၁၈ မိနစ်ယခုလက်ရှိ ပြောကြားလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကောက်နှုတ်ချက် အချို့ တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍
“ ကျွန်မတို့ နိုင်ငံဟာ ပထ၀ီအနေအထားအရ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း
နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်း
နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။
ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ”
တပ်မတော်သားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြဖို့
“နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ အဲဒီလူတိုင်းထဲမှာ
တပ်မတော်သားတွေလည်း ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ကို မဲပေးကြပါ” “ တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ကို ထောက်ခံကြပါ”