Friday, March 9, 2012

အမျိုးသမီး ရဲစွမ်းသတ္တိရှင် ဆု


 9-3-2012
 ဒီနှစ်အတွက် ရွေးချယ်ခံရတဲ့ အမျိုးသမီးဆုရှင် ၁၀ ဦးလုံးဟာ လာဘ်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ခွဲခြားဆက်ဆံမှုတွေကို ဦးဆောင် တိုက်ပွဲဝင်နေသူတွေဖြစ်တယ်လို့ အခမ်းအနား
မှာ အမေရိကန် သမ္မတကတော် Michelle Obama က ဆိုပါတယ်။ မြန်မာအမျိုးသမီး မဇင်မာအောင်  ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးဖို့ စာရေးသားတောင်းဆိုရုံနဲ့ အသက် ၂၂ နှစ်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတယ်လို့Michelle Obama က ပြောပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၀ါရှင်တန်ဒီစီမြို့တော် အမေရိကန်
 နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာအမျိုးသမီး မဇင်မာအောင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။