Monday, March 5, 2012

တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီစဉ်

၅-၃-၂၀၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့  မတ်လ ၅ ရက် မွန်းလွဲ ၃း၀၀အချိန်တွင်
 နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့ နှင့် ဇဗ္ဗူသီရိ မြို့ တို့ တွင် လူထုနှင့်ထိတွေ့ မည်ဖြစ်ရာ ပထမသွားရောက်နယ်မြေသည် ဒက်ခိဏသီရိမြို့ နယ်လမ်းပျဉ်းမနားကျေးရွာဖြစ်သည်။
ဒုတိယ သွားရောက်မည့်နယ်မြေမှာ ဇဗ္ဗူသီရိ မြို့ နယ် ဂုံမင်းအင်းကျေးရွာ ဖြစ်သည်။ပထမသွား

ရောက် မည့် ဒက္ခိဏသီရိ မြို့ နယ်၏ NLD ပါတီ ကိုယ်စားလှယ်လောင်းမှာဦးနိုင်ငံလင်းဖြစ်ပြီး
 ဒုတိယသွားရောက်မည့် ဇဗ္ဗူသီရီ မြို့နယ်၏ NLDပါတီကိုယ်စားလှယ်လောင်းမှာ ဒေါ်စန္ဒာမင်း
 ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း NLD ပါတီ ၏ အင်အားကြီးမြို့နယ်နှစ်ခုမှာ ဇဗ္ဗူသီရိ နှင့်

 ဥတ္တရသီရီ မြို့ နယ် တို့ဖြစ်ကြသည်။
နေပြည်တော်ရှိ မိဘပြည်သူများနှင့် တောင်သူလယ်သမား အလုပ်သမား ကျောင်းသား ၀န်ထမ်း
များအား လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီစဉ်တွင် တပ်မတော်မှဒီမိုကရေစီနိုင်ငံ ထူထောင်           ရေးတွင်ပူးပေါင်းပါဝင်ရန်နှင့် ပြည်သူတို့ ၏ ဘ၀လုံခြုံရေးအတွက် ဥပဒေစိုးရေးကို အလေးထား 
ဟောပြောမည်ဟု သိရှိရသည်။