Sunday, March 11, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် လူထုဟောပြောပွဲ

  အနာဂတ်ရဲ့ ကလေးငယ်များအတွက် မိဘတွေကတော့ NLD ကို
                                                      ထောက်ခံ အားကိုးကြပါတယ်။
 မတ်လ ၁၁ ရက်နေ့ နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲကျင်းပမည့် မော်လမြိုင်မြို့နယ် 
၆ မိုင်ကျေးရွာ အနီးရှိ ဘောလုံးကွင်းတွင် ရောက်ရှိနေကြသည့် လူထုပရိသတ်အား ယခုကဲ့သို့ တွေ့မြင်
ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ လာရောက်နားထောင်ရန် မွန်ပြည်နယ် နယ်မြို့များမှ တက်ရောက်လာကြရာ ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမှ လာရောက်ကြသူများလည်း
အများ အပြားပါဝင်သည်ဟုသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနားထောင်ရန် မော်လမြိုင် လူထုက ကွင်းအတွင်းသို့ရောက်ရှိလာကာ
ပြည်သူများကို မိန့် ခွန်းပြောကြားခဲ့သည်။