Sunday, March 11, 2012

မော်လမြိုင်မြို့  သိန်းနဲ့ ချီတဲ့ လူထုကြီးကို ပြောဆိုခဲ့သော မိန့် ခွန်း

၁၁-၃-၂၀၁၂ နံနက် ၉ နာရီ ၄၀ မိနစ်
ဒီမိုကရေစီ စနစ်မှာ အစိုးရက ဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာ ပြည်သူတွေကို ရှင်းပြရမယ်၊  
၂၀၁၀ ခုနှစ် တွင် ဘယ်အတွက်ကြောင့် ပါတီမှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ရသည့်အကြောင်း၊ အကျဉ်းကျနေသည့် ပါတီဝင်များကို ထုတ်ပစ်ရမည့် အချက်ကို လက်မခံနိုင်ခြင်း၊ ၂၀၀၈ အခြေခံ  ဥပဒေကို ကာကွယ်ရမည် ဆိုသည့်အချက်များကို လက်မခံနိုင်သည့် အတွက်ကြောင့် ဖြစ်သည်ဟု            ပြောဆိုသည်။
ဥပဒေစိုးမိုးရေး နှင့် ပတ်သက်၍ ရှင်းလင်းလျှက်ရှိရာတွင် ၂၀၁၀ ခုနှစ်တွင် ပါတီမှတ်ပုံပြန်မတင်ပဲ ပါတီတရားဝင်မှု ရှိနေသည့်အခွင့်အရေးကို ဥပဒေကြောင်းအရ တင်ပြခဲ့သည့်အဖြစ်ကို ဒေါ်အောင်     ဆန်းစုကြည်က ယခုပြောဆိုလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရတရပ်နှင့် ပတ်သက်သည့် ဥပမာကိုပြောကြားရာတွင်

“ လမ်းဖေါက်တယ်ဆိုတာ ကောင်းတဲ့ ကိစ္စပါ၊ ဒါပေမယ့် လမ်းဖောက်ရာမှာ ရွာတွေရွှေ့ရမယ်၊ ဘယ်လိုရွှေ့မယ်၊ ဘယ်လိုလျော်ကြေး ပေးမလဲ၊ ဆိုတာကို ရွာသားတွေနဲ့ ဆွေးနွေးရပါမယ်၊ အဲလိုလုပ်ရပါမယ်” ဟုပြောဆိုသွားသကဲ့သို့

ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ပတ်သက်၍လည်း မွန်ပြည်နယ် မြို့တော်မော်လမြိုင်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိသော်လည်းမဝေးသည့်နေရာများတွင် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေခဲ့ကြောင်း၊   ပြည်တွင်းစစ်ကြောင့်လူအများ ဒုက္ခရောက်ကြရသည်ကို အားလုံးသိရှိကြမည်ဖြစ်ကြောင်း ၊ ဒီအတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရအောင်ကြိုးစား ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး အရအဖြေရှာရမည်ဖြစ်ရာ ယင်းသို့နိုင်ငံရေး အရအဖြေရှာရာတွင် အခြေခံဥပဒေနှင့် ဆက်စပ်နေကြောင်းကို ပြောဆိုသွားသည်။
ဘီးလင်းမြို့
ပြည်သူတွေရဲ့ကြိုဆိုမှု ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့် ကျွန်မတို့ အားတွေက ဘယ်တော့မှ မလျော့သွားပါဘူး အခုရှေ့မှာ ရေးထားသလိုမျိုးပေါ့ ပြိုင်တူတွန်းလို့ရှိရင် ရွေ့နိုင်ပါတယ်လို့...  ကျွန်မတို့နိုင်ငံကို ရွှေ့ကြစို့ လို့ ကျွန်မပြောချင်ပါတယ် ကျွန်မတို့ နိုင်ငံကို ရွှေ့ဖို့ ဟာ ဆက်ပြီးတော့လုပ်သွားရမဲ့ လုပ်ငန်းပေါ့နော် အခု အခုချက်ခြင်းလက်ငင်းလုပ်ရမှာကတော့ ကျွန်မတို့မော်လမြိုင်ဘက်ရွှေ့ရပါမယ်လို့ ပြောချင်ပါတယ် ဘီးလင်းမြို့သူမြို့ သားအားလုံး ကျန်းမာချမ်းသာကြပါစေ။ (YPI)