၁၃-၃-၂၀၁၂
ဖီလစ်ပိုင်သမ္မတဟောင်း အာယိုရိုနှင့် ခင်ပွန်းဖြစ်သူအား အကျင့်ပျက်လာဘ်စားမှုများအတွက် ဖီလစ်ပိုင်တရားရုံးတစ်ရုံးက ဖမ်းဆီးမိန့်ထုတ်ပြန်လိုက်သည်။ ဖီလစ်ပိုင်သမ္မတဟောင်း အာယိုရိုသည် အစောပိုင်းကတည်းက ရွေးကောက်ပွဲမသမာမှု စွဲချက်များဖြင့် စစ်ဆေးရုံတစ်ရုံတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီးဖြစ်သည်။
၂၀၀၇ ခုနှစ်က တရုတ်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီ ZTE နှင့် ဖီလစ်ပိုင်အစိုးရကြား လုပ်ငန်း
ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၃၀ တန် ကန်ထရိုက်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
သို့သော် ကန်ထရိုက်စာချုပ်၏ အမှန်တကယ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ သာဖြစ်ကြောင်းနှင့် ကွာဟနေသည့် ငွေကြေးပမာဏကို သမ္မတဟောင်း အာယိုရိုက လာဘ်ငွေ
အဖြစ် တရားမဝင် ရယူခဲ့ခြင်းဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။