Tuesday, March 13, 2012

အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် ဥက္ကဌ တို့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ


ပြည်ထောင်စုလွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဦးခင်အောင်မြင့်ဟာ
 ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ်အဖြစ် ဒီကနေ့ မတ် ၁၂၊ တနင်္လာနေ့မှာ
 နေပြည်တော်က အမျိုးသားလွှတ်တော်မှာ ရင်းရင်းနှီးနှီး လက်ခံ တွေ့ဆုံခဲ့ပါတယ်။

 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ မတ် ၁၂၊ တနင်္လာနေ့က နေပြည်တော်က ပြည်သူ့လွှတ်တော်မှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံ 
 ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်တွင်းမှာလည်း နာရီဝက်ကြာ လွှတ်တော်လုပ်ငန်းဆောင်ရွက်ပုံတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။