Saturday, March 3, 2012

သမ္မတကြီး ဦးသိန်းစိန်က မြန်မာပြည်မှာ ဆင်းရဲသားပြည်သူ ၂၆ ရာခိုင်နှုန်းပဲရှိပါသတဲ့။

 ၃-၃-၂၀၁၂
ဦးသိန်းစိန် ပြောသွားတာ.......မနေ့က မိန့် ခွန်းတွင် သမ္မတကြီး ဦးသိန်းစိန်က မြန်မာပြည်မှာ ဆင်းရဲသားပြည်သူ ၂၆ ရာခိုင်နှုန်းရှိပါသတဲ့။ ဦးသိန်းစိန် က ဆင်းရဲသားရပ်ကွက်များရောက်ဖူးလား။ ရန်ကုန်မှာ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းကို ရောက်ဖူးရုံနှင့် ဆင်းရဲသားမရှိဘူးလို့ လိမ်ညာပြောလိုက်တာပါ။ ရန်ကုန် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ နှင့် ဆင်ခြေဖုံး မြို့သစ်တွေက ပြည်သူတွေ ဘ၀ကို မမြင်ဖူးသေးဘူးထင်တယ်။ ခဏ သွားကြည့်လား။ တိုင်းရင်း သားများ နေထိုင်တဲ့ နယ်စပ်ဒေသတွေမှာဆိုရင် ပြည်သူတွေ ကုန်းကောက်စရာမရှိအောင် မွဲ ပြာဆင်းရဲနေကြတယ်။ မနက်မိုငးလင်းရင် မြို့နယ် အသီးသီးက အပေါင်ဆိုင်မှာ လူတွေ တန်းစီ         လို့ သူတို့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကို ဖြေရှင်းနေနေကြရတယ်.........ပြည်သူတွေကိုချစ်ရင် ပြည်သူတွေထဲကို ထဲထဲဝင်ပြီး ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ ကို မြင်အောင်လှည့်ကြည့်စမ်းပါ။ သာပေါင်းညာစား၊ အကျင့်ပျက် ၀ိသမလောဘသားကောင်တွေ ချမ်းသာကြီးပွားနေတာနဲ့ ငါ့တိုင်းပြည်လူထု ချမ်းသာနေတယ်လို့ထင်လား။ ဦးသိန်းစိန် အနေဖြင့်    အနီးကပ် လူတွေကို သတိထားပါ...အဲကောင်တွေက သာပေါင်းညာစား အခွင့်ထူးခံ အကျင့်ပျက် ၀ီသမလောဘသားကောင်တွေ။  Aarakan Thein