Thursday, March 1, 2012
မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေးဆင်း
အချက်သုံးချက်ကို အဓိကပြင်မယ့် ဒေါ်ဖြူဖြူသင်းလာမယ့် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ဒေါ်ဖြူဖြူသင်းဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်က ရေတွင်းကုန်းရပ်ကွက်ကို ဖေဖော်ဝါရီလ
၂၈ ရက်နေ့က သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ရာမှာ ရာနဲ့ချီတဲ့ဒေသခံတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြ သလို ဒေါ်ဖြူဖြူသင်းကလည်း မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်မယ့် အချက်တွေကို ပြန်လည်ပြင်ဆင်ဖို့
ပြောဆိုသွားခဲ့ပါတယ်။
Posted by
mya thein