Friday, February 10, 2012

EU ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ ဥရောပသမဂ္ဂ ကော်မရှင်နာ မင်းကြီး လူ့ အခွင့်ရေးနှင့် ဒီမိုကရေစီစံနှုန်းတွေကို အလေးထားပြောကြားရန်လို

 ၁၁-၂-၂၀၁၂
EU ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ ဥရောပသမဂ္ဂ ကော်မရှင်နာ မင်းကြီး Andris Piebalgs ဟာ
ဖေဖော်ဝါရီ ၁၂ ရက်ကနေ့  ၁၄ ရက်နေ့ အထိ မြန်မာနိုင်ငံကို လာရောက်ဖို့  ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရနဲ့  တွေ့ ဆုံမှာဖြစ်ပြီး  နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲမှုတွေကို EUက ထောက်ခံ ကြိုဆိုပြီး ဆက်လက် အားပေးသွားမယ်လို့ 
လည်း ဥရောပ သမဂ္ဂရဲ့ ကြေညာချက် ထဲမှာဖော်ပြထားပါတယ်။ မစ်စတာ Piebalgs က

ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။


မြန်မာ အစိုးရ အနေနဲ့ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုနေပြီး လူ့ အခွင့်အရေးနဲ့ 
ဒီမိုကရေစီစံနှုန်းတွေကို အလေးထားဖို့  မြန်မာအစိုးရကို တိုက်တွန်းဖို့ လည်းလိုအပ်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်လည်းလိုပါတယ် ရွှေညဝါဆရာတော်ကြီးအား တိုင်းသံဃ မဟာနာယက
အဖွဲ့မှ ပြန်လည်တရားဟောခွင့်ပြုသည့် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း သာဿနာရေးဦးစီး
ဌာနမှ ခွင့်ပြုချက်မပေးသေးဘဲ ကြန့် ကြာနေခြင်းသည် အာဏာပိုင်များက ဘာသာရေး လွတ်လပ်
ခွင့်ကို ထိမ်းချုပ်ထားသော သဘောတွေ့ ရှိရသည်။မြန်မာနိုင်ငံသည် လွတ်လပ်မှုမရှိသေးကြောင်း
ပြသနေပြီး လူ့ အခွင့်အရေးများ ချိုခေါက်ခံနေရဆဲလို့  မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး
ကိုယ်စားလှယ် ကင်တားနားက ရက်ပိုင်းအတွင်းဝေဖန်ခဲ့ပါသည်။

အလုပ်သမားအခွင့်အရေးတွေ အဖွဲ့ အစည်းဖွဲ့ ခွင့်တွေ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်တွေ
ပါတီစည်းရုံးရေးတွေကို အစိုးရအဖွဲ့ မှ လိုက်လံနှောက်ယှက်တာတွေဟာ နေ့ စဉ်နှင့်အမျှကြား
နေရပါတယ် သန့် ရှင်းတဲ့ အစိုးရတရပ်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ခြားဖြတ်ရွေးကောက်ပွဲအတွက်
ပါတီစည်းရုံးရေးတွေ အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်တာတွေဟာ ရိုးသား သန့် ရှင်းမှု
မရှိလို့ ပါ။

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်
မည့် ကိုယ်စားလှယ်လောင်းများမှ ပါတီဝင် အင်အားစုဆောင်းခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ပြု
လုပ်ရာတွင် သက်ဆိုင်ရာမှ လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးရမည်ပာု
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ညွှန်ကြားထားပြီး အစိုးရမှာ တာဝန်
ရှိပါတယ်။

 ဧပြီလ ၁ ရက်နေ့ မှာ ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့ အရေးကြီးသလို
မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လည်းလိုအပ်
ပါတယ်။