Monday, February 27, 2012

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ
ရွေးကောက်ပွဲဥပဒေများလေးစားလျှင် ပါတီများဘက်မှရပ်တည်မည်

၂၇-၂-၂၀၁၂
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအား လေးစားလိုက်နာ ဆောင်ရွက်မည်ဆိုပါက မိမိ၏ရာထူးကို စွန့်လွှတ်ရ လျှင်ပင် နိုင်ငံရေးပါတီများဘက်က အပြည့်အဝရပ်တည်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင် 
များ၏ ပြောကြားချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာသည့် နိုင်ငံရေး
ပါတီများက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ဖြစ်ပွားခဲ့သော မဲမသမာမှုများနှင့် လက်ရှိအခြေအနေ
တွင် ဖြစ်ပေါ်နေသော တရားမဲ့ ပြုကျင့်နေမှုများကို တင်ပြအပြီး ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင် ဥက္ကဋ္ဌက အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်ဟု သိရသည်။