၁၇-၂-၂၀၁၂
အောက်ဖေါ်ပြပါ သတိပေး အကြောင်းကြားစာကို ကျွန်တော်တို့  INTERNET ဆိုင်များမှ လုံးဝ ကန့်ကွက်ပါတယ်ခင်ဗျာ။ ထိုသို့ သော တားမြစ်မှုမျိုးမှာ ဒီမိုကရေ စီလမ်းကြောင်းပေါ်သို့ 
သွားနေသော မြန်မာ နိုင်ငံမှာ လုံးဝမဖြစ်သင့်ပါဘူးခင်ဗျာ။
နိုင်ငံတွင်မှ မရှိသော တားမြစ်မှုမျိုးအား ယခုမှ ဒီမိုကရေစီရောင်နီလေး ပေါ်ထွက်လာရုံရှိသော
မြန်မာနိုင်ငံတွင် ပြုလုပ်ပါက နိုင်ငံတော်သမ္မတက အပြောတမျိုး၊ လုပ်တော့ တစ်မျိုးလုပ်သည်ဟု
ဝေဖန်ခံ ရနိုင်သောကြောင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည် စဉ်းစားချင့်ချိန် သုံးသပ်စေ လိုပါတယ်ခင်ဗျာ။
ထို့အပြင် အသိပေး အကြောင်းကြား စာအရ “ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ့ မြို့နယ်တစ်ခု တွင် နေထိုင်သူ တစ်ဦး မှ” (တစ်ဦးမှ) ဆိုသော စကားစုအရ လူအများက တောင်းဆိုခြင်း မဟုတ်ပဲ
ပိုင်ရာ ဆိုင်ရာ တစ်စုံတစ်ယောက်သောသူက တောင်းဆိုတယ်လို့ နားလည်လက်ခံ ရပါတယ်။ ထို့ကြောင့် မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  ရောက်နေပါပြီဟု မည်သို့ ပင် ပြောပြော တစ်ဦးတစ်ယောက် ၊ တစ်အာဏာ တစ်မိန့် ဖြစ် တဲ့  အာဏာရှင်စနစ်မှာ ချုပ်ငြိမ်း ပျောက်ကွယ်ခြင်း မရှိသေးဟု ပြည်သူအများ အထင်အမြင်မှားနိုင်ပါသဖြင့်
ချင့်ချိန် သုံးသပ်စေလိုပါတယ် ခင်ဗျာ။
ထို့ အပြင် သတိပေး အကြောင်းကြားစာတွင် ပါဝင်သော “Internet Game ဆိုင်များ ကြောင့်
မျိုးဆက်သစ် လူငယ်များ ၊ ပျက်စီး ရာလမ်းကြောင်းပေါ်သို့  တွန်းပို့  ရာရောက်သဖြင့်” ဆိုသော
စကားစုမှာ အဓိပ္ပါယ် လုံးဝမရှိကြောင်း၊ ယနေ့ ခေတ် လူငယ် အများစု ညဖက်ဘယ်သို့ သွားလဲ ဆိုတဲ့  စစ်တမ်းများသေချာကောက်ယူ လေ့လာ ကြည့်စေချင်ပါတယ်။ သေချာရေရာ သော အဖြေထွက် လာမှသာလျှင် ယခုကဲ့သို့ သော သတိပေးစာမျိုး အဖြေထွက်လာမှသာလျှင် ယခုကဲ့သို့ သော သတိပေးစာမျိုး ထုတ်ဝေစေချင်ပါတယ်။ အကျိုးအကြောင်း မခိုင်လုံသော ယခုကဲ့သို့သော သတိပေးစာမျိုးမှာ လူထုအကျိုးအတွက် ထုတ်ဝေခြင်းမဟုတ်ပဲ တစ်ဦးတစ်ယောက်ဧ။် ဆန္ဒအရ သာ ထုတ်ဝေခြင်းဖြစ်ကြောင်းသုံး
Internet Center များ အား ညမဖွင့်ရအမိန့်ထုတ်ပြန်ခြင်
နှင့်ရော တိုင်းပြည်ဧ။်ရှိသင့်ရှိထို
တာဝန်ရှိ လူကြီးမင်းများ ပြန်လည်သုံးသပ်စဉ်းစား စေချင်ပါတယ်။