5-2-2012
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ် လူငယ်များ (Generation Wave) အဖွဲ့နှင့် မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးတို့ ပူးပေါင်း လုပ်ဆောင်သည့် အကြောက် တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၅ရက်နေ့ နေ့လည် ၁ နာရီမှ
၎ နာရီကျော်အထိ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး တည်ရှိရာ အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း တွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို ၈၈မျိုးဆက် ကျောင်းသားအဖွဲ့လည်း တက်ရောက်ခဲ့ပြီး၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး တို့က မျိုးဆက်သစ်တို့အတွက်လက်ဆင့်ကမ်းစကား
ပြောကြားခဲ့ပါသည်။
ထို့အပြင် အင်္ဂလန်မှ ခေတ္တပြန်လည် ရောက်ရှိလာသော ကိုထိန်လင်းကလည်း အကြောက်တရား
ကင်းဝေးရေးနှင့် ပတ်သက်သော ပါဖောင့်မန့်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
Eleven Media Group




