Sunday, February 19, 2012

ရွှေည၀ါဆရာတော် နှုတ်ဆက်ပွဲ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မြင်ကွင်း



















၁၇-၂-၂၀၁၂
ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ ယနေ့ မှာ လက်ရှိ သီတင်း​သုံး​နေထိုင်တဲ့
ရန်ကုန်တိုင်း​ဒေသကြီး​ ကြည့်​မြင်တိုင်မြို့ နယ်တွင်း​က သာဓု ပရိယတ္တိစာသင်တိုက်က​နေ ထွက်ခွာမှာဖြစ်ပြီး​ ​မှော်ဘီမြို့ ​နယ်က ခြံတခြံမှာ သတင်းသုံးမှာဖြစ်ပါတယ်။
သာဿနာထွန်းကားရေးအတွက် ဗုဒ္ဓတရားတော်များနှင့်အညီ ပြည်သူများအား ဟောကြား
ဆုံးမတော်မှု၍ ဘာသာနှင့် လူမျိုးအကျိုးဆောင်ရွက်ခဲ့ရာ အာဏာပိုင်များ၏ ညိုငြင်ခြင်းကို
ခံခဲ့ရပြီး တရားဟောခွင့်နှင့်သာဓု ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ခွင့်ကိုပါ ဆုံးရုံးခဲ့ရပြီး
သာဿနာအထွန့် ရှည်ရေးအတွက် ပရိယတ္တိပညာသင်ကြားပေးခြင်းကိုလည်း ထိခိုက်စေခဲ့
ရသည်။
မြန်မာလူမျိုးများဖြစ်လင့်ကစား ဘာသာတရားကို လေးစားလိုက်နာမှု အားနည်းသောကြောင့်
ဝိညာဏ် နာမ်ရုပ် မမြဲသော သင်္ခါရ သဘောကို ခန္ဓာညဏ်စိုက်မကြည့်တတ်သောကြောင့် မိမိ
ဥစ္စာငါဟုထင်မှတ်ကာ အ၀ိဇ္ဇာဖုံးလွမ်းပြီးသကာလ ရာထူးဂုဏ်ရှိန်မောက်မာကြကာ အို နာ သေ
တရားမရှု့ စားဘဲ နောက်ဆုံးသွားရာလမ်းတွင် ရမက်ဇောကြွေကာ အပ္ပါယ်ငရဲလားရာစေ၏။
ဆရာတော်ကြီးအား ချစ်ခင်ကြသော ဓမ္မမိတ်ဆွေများမှ လာရောက်ဂါရ၀ပြုကာ ၀မ်းနည်းမျက်ရည် ကျခဲ့ရလေသည်။ ဘုရားရှင်၏ ဓမ္မသည် အဓမ္မကို ရုံးရိုးထုံစံမရှိ ဤသစ္စာတရားမှန်ကန်ပါက
သဿနာ အထွန့် ရည်ပါစေ။