Saturday, February 18, 2012

ဘူးသီးတောင်မြို့နယ်မှ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း ရပ်တန့်......

 ၁၈-၂-၂၀၁၂
 စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း ရပ်တန့်...........မြန်မာ အစိုးရမှ တည်ဆောက်ရန် စီစဉ်နေသော ဘူးသီးတောင်မြို့နယ်မှ စိုင်းတင် ရေအားလျှပ်စစ် ဓါတ်အား စီမံကိန်းကို အခုအခါ ရပ်တန့်ထား လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည်မှာ ၆၄ နှစ် ရှိသွားပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်မှာ ဒီဇယ်သုံး မီးစက်များကို အားကိုးနေကြရပြီး မဟာဓါတ်အားလိုင်းများမှ လျှပ်စစ် ဓါတ်အား ရရှိနိုင်ခြင်း မရှိသေး
သဖြင့် တိုးတက်မူ အလွန်နှေးကွေးနေကာ စက်မူ လုပ်ငန်းများကိုလည်း တည်ထောင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။စိုင်းတင် ရေတံခွန်သည် မြန်မာနိုင်ငံတွင်အကြီးဆုံး ရေတံခွန်တစ်ခု ဖြစ်ပြီး ရေအား လျှပ်စစ် ထုတ်လုပ်မည်ဆိုပါက မီကာဝပ် ၇၀ ထိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင့် လေ့လာ ဆန်းစစ်များ    အရ သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် အဆင့် ရုံးစိုက်ရာ မြို့များတွင် လျှပ်စစ်မီး တစ်နေ့ (၂) နာရီသာ ရရှိပြီး မီတာခမှာလည်း တယူနစ် ၅၀၀ ကျပ်ပေးနေရသဖြင့် လျှပ်စစ်မီးငတ်နေသော ရခိုင်ပြည်သူများအနေဖြင့် လျှပ်စစ်မီး အလုံအလောက် ရရှိရေး အတွက် ကျောက်ဖြူမှ ထွက်ရှိ သော ရွှေဂတ်စ်မှ ရခိုင်ပြည် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ကြိုးပမ်းလှုပ်ရှားမှု ရခိုင်ပြည်အတွင်း ပျံ့နှံနေပြီး ရခိုင်သူ/ သား အားလုံးမှာ လက်ရှိ ဗမာအစိုးရအပေါ် မကျေနပ်မှု တိုးပွားလာလျှက်ရှိပေသည်။