၁၇-၂-၂၀၁၂
ရွှေညဝါဆရာတော် ဘဒ္ဒန္တ ဦးပညာသီဟဟာ လာမယ့် ၁၉ ရက်နေ့ ကျရင် လက်ရှိ သီတင်းသုံးနေ
ထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ်တွင်းက သာဓု ပရိယတ္တိစာသင်တိုက်ကနေ ထွက်ခွာမှာဖြစ်ပြီး မှော်ဘီမြို့ နယ်က ခြံတခြံမှာ သတင်းသုံးမယ်လို့ သိရပါတယ်။
သာဿနာထွန်းကားရေးအတွက် ဗုဒ္ဓတရားတော်များနှင့်အညီ ပြည်သူများအား ဟောကြား
ဆုံးမတော်မှု၍ ဘာသာနှင့် လူမျိုးအကျိုးဆောင်ရွက်လျှက်ရှိရာ အာဏာပိုင်များ၏ ညိုငြင်ခြင်းကို
ခံခဲ့ရပြီး တရားဟောခွင့်နှင့်သာဓု ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ခွင့်ကိုပါ ဆုံးရုံးခဲ့ရပြီး သာဿနာ
အထွန့် ရှည်ရေးအတွက် ပရိယတ္တိပညာသင်ကြားပေးခြင်းကိုလည်း ထိခိုက်စေခဲ့သည်။
ယနေ့ ခေတ်တွင် ဘာသာနှင့်သာဿနာ ပျောက်ကွယ်လုနည်းပါး အကျင့်သိလမစောင့်ထိမ်းနိုင်ကြ
သော လူသားတို့ အတွက် ရွှေညဝါဆရာတော်ကြီး ရတက်မအေးရပေ။ဓမ္မနှင့်အဓမ္မ အမှန်ကို
မသိကြသော လူသားတို့ အတွက် သစ္စာတရား ဟောကြားဆုံးမခဲ့သော ဆရာတော်ကြီးအား
ပစ်ပယ်လျှစ်လှူ့ ရှု့ လိုက်ခြင်းသည် ရင်လေးရပေသည်။အ၀ိဇ္ဇာနှင့်တဏှာဖုံးလွမ်းနေသော လူသားများ
သင်္ခါရဆိုသော မမြဲခြင်းတရားကို မသိမိုက်မှားခြင်းကြောင့် ဥပါဒါန်ကြောင့် ဥပါရောက်ကြရခြင်း
ကို ဗုဒ္ဇ္ဓမြတ်စွာဘုရားက အ၀ိဇ္ဇာပြဟောကြားခဲ့ဘူးသည်။
ဆရာတော်ကြီးသည် သံဃာအပါး ၇၀၀ ခြံရံ၍ ဆွမ်းခံကြွချီကာ အလှူတော်ပစ္စည်းနှင့် ငွေများကို
လှိုင်သာယာ မီးဘေးဒုက္ခသည်များအား လှူဒါန်းဝေငှခဲ့ပြီး ဆင်းရဲဒုက္ခမှ ကင်းဝေးကြစေရန် မေတ္တာ
ရှေ့ ထား ဆောင်ရွက်ခဲ့သည်။
ဆရာတော်ကြီးအား ချစ်ခင်ကြသော ဓမ္မမိတ်ဆွေများမှ ဆွမ်းလောင်းလူကြရာ လမ်းတရောက်
ဝမ်းနည်းမျက်ရည်ကျခဲ့ရလေသည်။မနက်ဖန်ကျရောက်မည့် သာဓု ပရိယတ္တိစာသင်တိုက်ကနေ ထွက်ခွာမှာဖြစ်ပြီး ဒကာ ဒကာမများ လာရောက်စုဝေးကြရန် နှိုးဆော်ထားသည်။