skip to main |
skip to sidebar
၁၅-၂-၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်၏
ကျိုက်ထော်-ဒေးဒရဲ-ဖျာပုံ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ယခုလ ၁၇ရက်နေ့
နံနက် ခြောက်နာရီနှင့် ၇ နာရီကြားတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂)
လှည်းတန်းဆိပ်ကမ်းမှ ရှပ်ပြေးရေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း
သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို ပြည်သူလူထုက သိန်းနဲ့ ချီပြီးကြိုဆိုကြပါတယ်။ဒါကဘာကိုပြနေသလဲဆိုရင် စစ်မှန်တဲ့  ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးများ ဥပဒေစိုးမိုးရေး တရားရေးမာန်ဏ္ဍိုင်ခိုင် မာစေရေး စီးပွားရေးဖွင့်ဖြိုးတိုးတက်စေရေးတို့  အတွက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ အားထားကြပြီး အင်နဲ့ အားနဲ့ လာရောက်အားပေးကြသည်ကို မှတ်တမ်းဓါတ်ပုံများက သက်သေထူနေ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှ ကောက်နှုတ်တင်ပြချက်
““ကျွန်မတို့
အဖွဲ့ချုပ်က နိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ
ရွေးကောက်ပွဲ ရဲ့ မူဝါဒတွေထဲမှာ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက်
တင်ပြထားပါတယ်။ နံပတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ တချို့ပြည်သူတွေက
တရားဥပဒေစိုးမိုးေ ရးဟာ ငါတို့နဲ့ ဘာဆိုင်လို့လဲလို့ မေးတာတွေလည်း
ရှိပါလိမ့်မယ်။ အဲဒါဆိုလည်း ချက်ချင်းလက်ငင်းဖြစ်တဲ့ ကိစ္စတစ်ခုကို
ပြောပြပါရစေ။
မနေ့ကဆိုရင် ဒီထဲက ပရိသတ်အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။
ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို
ပြန်လည်ရုပ်သိမ်းပါတယ်လို့ ဖြစ်လာတယ်။ အဲဒီတော့ ဖြစ်လာတဲ့အခါကျတော့
ကျွန်မတို့အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက်
ကျွန်မတို့အဖွဲ့ချုပ်တာဝန်ခံများ က ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စကိုတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးလုပ်စေရမယ်။ ဒါကြောင့် ဒီလိုစုစည်းနိုင်တာ။ ဒါ ဥပဒေစိုးမိုးရေးပဲ””
(ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နယ်အားကစားကွင်းတွင် သိန်းနဲ့ ချီသော ပြည်သူလူထုကြီးအား ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)