၂၉-၂-၂၀၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးမြို့ မှ ရွှေခွပ်ဒေါင်းအလှပြယာဉ်ဖြင့်
ကြိုဆိုရန် ရောင်စုံမီးထိန်ထိန်လင်းလျှက် တမြို့ လုံးက ပန်းကုံးများဖြင့် ကြိုဆိုရန် ပြင်ဆင်နေကြ
သည်ဟု သိရှိရသည်။ မန္တလေးသားတွေကတော့ ဘယ်မြို့ကမှ လိုက်လို့ မမီအောင် လုပ်လိုက်
ပြန်ပြီ.. ၃ ရက်နေ့တွင် မန္တလေးမြို့၌ လူထုဟောပြောပွဲပြုလုပ်မည် ဖြစ်သည်။
မန္တလေးပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စောင့်မျှော်နေကြပြီး
လူငယ်များက ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့်အကြောင်း လှုံ့ ဆော်
နေကြသည်ဟု သိရှိရပါသည်။
မန္တလေးမြို့မှ နံမည်ကျော် မြို့ မျက်နှာဖုံး မြို့ မတီးဝိုင်းသည် အမျိုးသားရေးသီချင်းများဖြင့်ကျော်
ကြားသော တီးဝိုင်းဖြစ်ပြီး အမျိုးသားရေးအတွက် လိုက်ပါကူညီလျှင်ကောင်းမည်ဟု ပြည်သူများ
က မျှော်လင့်နေကြသည်။