Wednesday, February 29, 2012
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံကိုယ်စားလှယ် အဖွဲ့ ကိုတွေ့ ဆုံ
 ၂၉-၂-၂၀၁၂
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ နေ့ လည်ပိုင်းက
သိရှိရပါတယ်။
အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျာမန်ခရစ်ယန် ဒီမိုကရက်ပါတီ
ရဲ့ ဥရောပပါလီမန်အမတ် ဒေါက်တာ ၀ါနာလယ်န်ဂင် (Dr. Waener langen) ကိုယ်တိုင်
 ခေါင်းဆောင် လာတဲ့ ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပပါလီမန်က ချီးမြှင့်တဲ့ Sakharov ဆုကို ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥရောပပါလီမန်မှာ လာရောက် မိန့်ခွန်းပြောကြားပေးဖို့
ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။