Thursday, February 16, 2012

ဇေယျာသော် ၀င်ယောက်ရှင်ပြိုင်မဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်မှာ ကြုံခိုင်ဖွံ့ ဖြိုးရေးပါတီက ကြိုတင်မဲ
အတင်းအဓမ္မကောက်ခံ



၁၆-၂-၂၀၁၂
 မြန်မာနိုင်ငံ ဟစ်ဟော့ပ်ဂီတ သမိုင်း ကိုရှေးဦးစွာ ရေးထိုး စိုက်ထူခဲ့တဲ့ Acid အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ 
 ဇေယျာသော်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ် မဲဆန္ဒနယ်မြေ မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမှာဖြစ်ပြီး
 ပုဗ္ဗသီရိမှာ ကျွန်တော့် အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့ သိရတယ်။ 
ကျွန်တော့်ကို ပါတီကနေ ရွေးချယ် ဆုံးဖြတ်ခဲ့တာပါ။  ကျွန်တော့်ကို ဒီနေရာကနေ ဝင်ရောက်ယှဉ် ပြိုင်စေချင်တယ် ဆိုပြီး ပါတီက မူဝါဒတစ်ခု၊ ကြေညာချက် တစ်ခုနဲ့ တာဝန် ပေးအပ်လိုက်တာ၊ အဲဒီလို တာဝန်ပေးအပ်လိုက်တဲ့ အတွက်ကြောင့် ကျွန်တော်က အခုလောလောဆယ်မှာ ခရိုင်ကော်မရှင် ရုံးကိုသွားပြီး လျှောက်လွှာ တင်ရမှာဖြစ်ပါတယ်။ အဲဒီအဆင့်တွေ ပြီးသွားပြီ ဆိုတော့ အဲဒီမှာရှိနေ တဲ့ ပြည်သူလူထု နဲ့ထိတွေ့ ဆက်ဆံခွင့် ရမှာလေ။ လောလောဆယ် အခြေအနေ ကတော့ ကျွန်တော့် အနေနဲ့ ရှေ့မှာ ကြိုပြီး သွားခဲ့ဖူးတဲ့ တစ်ခေါက်က လွဲရင် အဲဒီမှာ ရှိနေတဲ့ နယ်ခံပြည်သူ လူထုနဲ့ ထိတွေ့ဆက်ဆံနိုင်ခြင်းတော့ မရှိသေးပါဘူး။ မူဝါဒပိုင်း ကတော့ ကျွန်တော် တစ်ဦးတည်းအနေ နဲ့
ပြောလို့ အဆင်မပြေသေးဘူး။ ဝင်ရောက် ယှဉ်ပြိုင်မယ့် ၄၈ဦး စလုံး ဆုံပြီးသွားတဲ့ အချိန်ကျတော့မှ ကျွန်တော့်အနေနဲ့ ဘယ်လိုမူဝါဒ၊ ပုံစံမျိုး ချမှတ်ထားတယ်ဆိုတာ ပြောလို့ရမှာပါ။ ဒီနေရာမှာ အနုပညာရှင် ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာထက် အဲဒီမြို့နယ် မှာ နေထိုင်တဲ့ ပြည်သူလူထု ရဲ့ကောင်း
ကျိုးကို ဘယ်လောက် ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အပေါ်မှာသာ မူတည်တာပါ။ ကျွန်တော့် အပေါ်မှာ
လည်း ဘယ်လောက် ယုံကြည်ချက် ထားတယ်၊ ဘယ်လောက် မျှော်လင့်ချက် ထားတယ် ဆိုတဲ့အပေါ်မှာလည်း မူတည်မယ်လို့ ထင်ပါတယ်။ကျွန်တော့် အနေနဲ့ အကောင်း ဆုံး  ဖြစ်အောင် ကြိုးစားမှာပါ။ အကြောက်တရား ကင်းကင်းနဲ့ မိမိ နေထိုင်တဲ့ မြို့နယ်တွေရဲ့ အကျိုးကို အကောင်းဆုံး
 ဖြစ်အောင် ဆောင်ရွက်နိုင်တယ် လို့ထင်တဲ့ သူတွေကို ရွေးချယ်ကြပါ”လို့ ဇေယျာသော်ကပြောပြခဲ့ ပါတယ်။
နေပြည်တော်ရပ်ကွက်က ကြိုတင်မဲ စာရင်းတွေ အတင်းအဓမ္မကောက်ခံနေတယ်လို့  သတင်းတွေတွက်
ပေါ်နေပါတယ်။တာဟာ ကြံ့ ခိုင်ဖွံ့ ဖြိုးရေးပါတီက အာဏာရှင်အကျင့်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါ
တယ်။
နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်မှာ ကျေးရွာတချို့ နဲ့ ၀န်ထမ်းအိမ်ရာတွေပဲရှိတယ် ရွာကြီးဆိုလို့ 
ကျည်တောင် ကန်ရွာလားပဲရှိတာတဲ့ စစ်မှုထမ်းဟောင်းတွေကို မြေကွက်ပေး အိမ်ဆောက်ပေးထားတဲ့ ရပ်ကွက်ကြီးတွေက နဲတဲ့အရေအတွက်မဟုတ်ဘူးတဲ့ အိမ်ထောင်စု စာရင်းအရ ရွာတွေအားလုံး
 ပေါင်းထားတာထက် ၃ ဆလောက်ရှိမယ်တဲ့ အဲဒီရပ်ကွက်တွေမှာ လူမနေသေးဘူးတဲ့ ၊ အိမ်တွေ အားလုံးနီးပါးက တံခါးတွေပိတ်ထားကြတာတဲ့ ဆေးရုံလမ်းဆုံနားက လူနေတဲ့အိမ်တွေကျတော့လည်း အိမ်ငှားတွေချည်းပဲတဲ့ လူလာမနေတဲ့ အိမ်တွေအများကြီးကို ကြိုတင်မဲ အတင်းပေးခိုင်းထားတယ်တဲ့ အဲဒီစာရင်းနဲ့တင် ရွာတွေဘက်ကမဲတွေ ဇေယျာသော် ဘယ်လောက်ရရ ရှုံးပြီတဲ့ စိတ်မကောင်း ပါဘူး
မေးထဲက ပုဗ္ဗသီရိ မြေပုံတွေကို တင်ပေးလိုက်ပါတယ် ဓါတ်ပုံ ရရင် ထပ်ပို့ပေးပါလို့ တောင်းထားတယ် ဒီသတင်းကို ကွန်ဖန်း လုပ်ပေးကြပါအုံး နေပြည်တော်ရောက်မယ့်သူတွေ အဲဒီ ပုဗ္ဗသီရိ ကို သွားကြည့်
 ပေးကြပါအုံး ဒီလို လူတွေကို အနိုင်ကျင့် အတင်းမဲထည့်ခိုင်းတာတွေ မပျောက်ကြသေးဘူးလား။
တာဝန်သိပြည်သူများအနေဖြင့် အမှန်တရားကိုလက်ကိုင်ထာကြပြီး မသမာမှုတွေ မတရားမှုတွေကို
ဖေါ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။တိုင်းပြည်နဲ့ လူမျိုးအကျိုး ရိုးရိုးသားသား ဆောင်ရွက်မဲ့ လူငယ်တွေ
 အနာဂတ်မှာပေါ်ထွန်းလာမှသာ စစ်မှန်တဲ့ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကလိမ်ကကျစ်လုပ်ပြီးအနိုင်ယူတဲ့သူဟာ သူကိုင်တိုင်က သန့် ရှင်းရိုးသားမှုမရှိတဲ့ အတွက် တိုင်းပြည်နဲ့ 
အမျိုးသားရေးကို ရိုးရိုးသားသား လုပ်ဆောင်မှာမဟုတ်ပါဘူး။လူသားတွေသစ်စ္စာတရားရှိကြပါစေ။