29-2-2012
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ဒေသရှိ စစ်ပြေးဒုက္ခသည်များထံသို့ လူသားချင်းစာနာသည့် အကူအညီ ပေးနိုင်ရန် မြန်မာအစိုးရနှင့် သဘောတူညီမှုရရှိထားသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ
ဗီဂျေနမ်ဘီးယား (Mr. Vijay Nambiar) က ဖေဖော်ဝါရီလ ၂၄ ရက်က ပြောဆိုလိုက်သည်။
၎င်းသည် ကုလ၀န်ထမ်း လေးဦးပါအဖွဲ့ငယ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာဒေသို့သွားရောက်ကူညီရန် မြန်မာအစိုးရကခွင့်ပြုခဲ့ပြီး နှစ်လအကြာ ထွက်ပေါ်လာခြင်းဖြစ်
သည်။
ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ကုလအထူးသံတမန်က မြန်မာအစိုးရနှင့် ယင်းသို့ ကူညီရန် ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မည်သည့်အချိန်တွင် ဒုက္ခသည် ၄၅၀၀၀ ကျော်ရှိ KIO ဒေသသို့ ကုလအကူအညီ များရောက်ရှိ လာ၏မည်ကို မသိရသေးပေ။KNG