Friday, February 17, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့သို့ ကောင်းမွန်စွာ ရောက်ရှိခဲ့ပြီး မြို့ လုံးကျွတ်ကြိုဆို







 
၁၇-၂-၂၀၁၂  ဓာတ်ပုံ-ဥက္ကာကိုက
 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့သို့ ရှပ်ပြေးရေယာဉ်ဖြင် ကောင်းမွန်စွာ 
 ဆိုက်ရောက်လာခဲ့ပြီး ပြည်သူများမှ မြို့ လုံးကျွတ်တခဲနက် ကြိုဆိုနေကြောင်း သိရှိရသည်။
 ဒေါ်အောင်ဆန်းစုကြည်သည် ကျိုက်ထော်မြို့မှ ထွက်ခွာလာပြီး ယနေ့(၁၇.၂.၂၀၁၂) ညနေ
 သုံးနာရီ၁၅ မိနစ်တွင် ဖျာပုံမြို့သို့ ရှပ်ပြေးရေယာဉ်ဖြင့်ရောက်ရှိလာခဲ့သည်။
 ဖျာပုံမြို့ခံလူထုက ဒေါ်အောင်ဆန်းစုကြည်အား သောင်းနှင်းချီ၍ ကြိုဆိုခဲ့ကြသည်။ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ရုံးပေါ်မှ မိန့်ခွန်းပြောကြားပြီး မြို့ပြင်သဲကွင်းတွင် မိန့်ခွန်းပြောကြားရန် ထွက်ခွာသွားပြီဖြစ်သည်။လူထုကလည်း နေပူကျဲတဲတွင် စီတန်း၍ လိုက်ပါသွားကြသည်။
                
ဓာတ်ပုံ-ဥက္ကာကိုကိုအားကျေးဇူးတင်ရှိပါသည်။