Monday, February 27, 2012
သအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘာပတိ နာယက ဦးတင်ဦး သာယာဝတီ၊လက်ပံတန်း၊ကြို့ပင်ကောက်မြို့နယ်တွေက ရုံးခန်းများဖွင့်လှစ်ပေး
ဖေဖော်ဝါရီလ ၂၅ရက်နေ့က သာယာဝတီ၊လက်ပံတန်း၊ကြို့ပင်ကောက်မြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲအခမ်းအနားတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဖွင့်ပွဲအခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ နာယက ဦးတင်ဦး ဦးဆောင်တဲ့အဖွဲ့က လိုက်လံဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ပြည်သူလူထုတွေက အိုးစည်ဗုံမောင်းတွေနဲ့ ကြိုဆိုခဲ့ကြတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကြေငြာပြီး နောက်ပိုင်း ပါတီရုံးခန်းတွေကို နိုင်ငံ အနှံ့မှာ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။
Posted by
mya thein