Friday, February 17, 2012

ရွှေညဝါဆရာ ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟအား မတရားလုပ်မှု ပြည်သူများမျက်ရည်ကျ။ပြည်သူများ ၁၉ ရက်နေ့  နှုတ်ဆက်ဂါရ၀ပြုမည်







၁၇-၂-၂၀၁၂
ရွှေညဝါဆရာ ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ လာမယ့်​ ၁၉ ရက်​နေ့​ကျရင် လက်ရှိ သီတင်း​သုံး​နေထိုင်တဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​ ကြည့်​မြင်တိုင်မြို့​နယ်တွင်း​က သာဓု ပရိယတ္တိစာသင်တိုက်က​နေ ထွက်ခွာမှာဖြစ်ပြီး​ ​မှော်ဘီမြို့​နယ်က ခြံတခြံမှာ သတင်းသုံးမယ်လို့ သိရပါတယ်။ သံဃာဆိုတာ သင်င်္ကန်းသုံးထည်နဲ့ သပိတ်
တလုံးသာ  ပိုင်ဆိုင်ပြီး ကျန်တာဘာတခုမှ မပိုင်ဆိုင်ဘူးလို့  မြတ်စွာဘုရားက မြွက်ကြားခဲ့ပါတယ်။
သံဃာသင်းခွဲသောသူသည် အပ္ပါယ်တံခါပွင့်နေပြီး ဖြစ်သည်။
ဆရာတော်ကြီးအား ချစ်ခင်ကြသော ဓမ္မမိတ်ဆွေများမှ ဆွမ်းလောင်းလူကြရာ လမ်းတရောက် စည်ကား
စွာတွေ့ မြင်ရသည်။
နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့ က ဆရာ​တော်ကို မနှစ် ​ဖေ​ဖော်ဝါရီ လဆန်း​ပိုင်း​မှာ တရား​ဟောခွင့်​ တနှစ်ပိတ်ပင်ခဲ့​ပါတယ်။ အဲဒီ​နောက် တနှစ်မပြည့်​ခင်မှာ စည်း​ကမ်း​ချိုး​ဖောက်တယ်ဆိုပြီး​ ​ကျောင်း​တိုက်က​နေ ဒီလ ၁၉ ရက်​နေ့ ​မှာ ထွက်ခွာဖို့ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့ က ဆုံး​ဖြတ်ခဲ့​ပါတယ်။
ထိုနောက်  နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့ က ကန့် သတ်ရက်ပြည့်၍ တရားဟောခွင့်ပြုလိုက်သော် လည်း သာသနာရေးဝန်ကြီးမှ ဆက်လက်တားမြစ်ထားဆဲဖြစ်သည်။ရွှေညဝါဆရာတော်ကြီးအား အစိုးရ၏လုပ်ရပ်သည်သာသနာညိုးနွမ်းရာရောက်ပေသည် ပြည်သူများအနေဖြင့် ဆရာတော်ကြီးအား ဂရုဏာသက်စိုးရိမ်စိတ်များဖြစ်ပေါ်စေပြီး မျက်ရည်ကျသူများ ၀မ်းနည်းကြသူများ ဆွမ်းခံရာတ
 လျှောက်တွေ့ မြင်ရသည်ဟု သိရှိရပါသည်။စာသင်သံဃာတော်များမှာလည်း ဆရာတော်ကြီး၏ဖြစ်ရပ် ကိုကြည့်ကာ အဓမ္မတွေဖုံးနေသော တိုင်းပြည်အတွက် စိတ်မချမ်းမသာဖြစ်ရသည်ဟု သိရှိရသည်။
ဆရာတော်ဟာ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဟုတ်ပါဘူး နိုင်ငံရေးသမားတွေက ကြည်ညိုလို့ 
ကိုးကွယ်တာပါ။ သံဃာကိုလူကကိုးကွယ်ရမှာလား လူကိုသံဃာကကိုးကွယ်ရမှာလားဆိုတာ
ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုရင် ကလေးကအစ သိကြပါယ်။ခလေးတွေအဆင့်လောက်တောင် အသိညဏ်မမှီ
ဘဲတိုင်းပြည်အုပ်ချုပ်ခဲ့လို့  ဒီမိုကရေစီရဖို့ ကြာနေရတာ။သံဃာဟာ ဒါယကာခွဲခြားလို့ မရဘူးဆိုတဲ့
အဆင့်လောက်တော့ သာဿနာရေးဝန်ကြီး မင်းဆိုးရာဇာတို့  သိအောင် ဗုဒ္ဓဘာသာ ပြန်သင်ဖို့ 
တော့ကောင်းတယ်။
အုပ်စိုးမင်းလုပ်(အ၀ိဇ္ဇာတို့ )  ပြည်သူ့ မျက်ရည်မြေခလေသော် အမှန်တရားသစ္စာ ပေါ်ပါစေသား
 မြတ်စွာဘုရား။ 

၁၉ ရက်နေ့ ရွှေညဝါဆရာတော် ဘဒ္ဒန္တ ဦး​ပညာသီဟအား ကျောင်းတိုက်မှ ဖယ်ထုတ်ခံရခြင်းကို
မေတ္တာရှေ့ ထား လောကဓံတရားရှစ်ပါးကြံ့ ကြံ့ ခံ၍ မတုံလှုပ်သောသူတော်စဉ်ကြီး ထွက်ခွါကြွချီ
ချိန်တွင် ပြည်သူအများလာရောက်စုရုံးကာ နှုတ်ဆက်ဂါရ၀ပြုကြမည်ဟု သတင်းများထွက်ပေါ်နေပြီး တဒင်္ဂဖူးမျှော်ရခြင်း သည်ပင် ကုသိုလ်မင်္ဂလာအဖြာဖြာနှင့်. ပြည့်စုံသကဲ့သို့ ဝမ်းမြောက်ပီတိဖြစ် ရပါ၏။သူတော်ကောင်းကို. နတ်ကောင်းစောင်မလတံ့။