၁၅-၂-၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်၏
မရမ်းကုန်း-လှည်းကူး မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅
ရက်နေ့နံနက် ကိုးနာရီ လေးဆယ်မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှ ကားများ စတင်ထွက်ခွာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ၁၂နာရီတွင် ထောက်ကြန့်လမ်းဆုံသို့ရောက်ရှိကာ ကားပေါ်မှပင်နှုတ်ဆက်စကားပြောမည်ဖြစ်သည်။ ထို့နောက် လှည်းကူးမြို့သို့
ဆက်လက်ထွက်ခွာမည်ဖြစ်ကာ မြို့နယ်အားကစားကွင်းတွင်
မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ရန်ကုန်သို့ ညနေ လေးနာရီအရောက်
ပြန်လာမည်ဖြစ်ကာ ညနေ ငါးနာရီခွဲတွင် ဂျာမန်နိုင်ငံလွှတ်တော်အမတ် ရှစ်ဦးနှင်
့တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်အားကစားကွင်းကို
ပြည်ထောင်စုအားကစားဝန်ကြီးမှ အသုံးပြုခွင့်မပေးနိုင်ကြောင်း ယနေ့နံနက်က
ပြောဆိုခဲ့သော်လည်း ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
ဦးတင်အေးမှ အသုံးပြုခွင့်ပေးရန် ပြန်လည်ခွင့်ပြုလိုက်ကြောင်း
သတင်းရရှိသည်။