ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ နည်းပညာတကသိုလ် (ပုသိမ်)မှ
ကျောင်းသား ကျောင်းသူများကြိုဆိုနေကြသည်ကို တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ ရာကျော်ကို ကျောင်းကုန်းမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်က တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူရာကျော်ကို ကန်ကြီးထောင့်မြို့နယ် ဒါးကတွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်က တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ
ရာဂဏန်းနီးပါးကို ပန်းတနော်မြို့နယ် အင်းမစံပြကျေးရွာတွင် ယနေ့ နံနက် ၇
နာရီက တွေ့ရစဉ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြသော အလုပ်သမား လယ်သမား
ကျောင်းသား လူငယ်များက ခရီစဉ်လမ်းတလျှောက် အတီးအကများဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအားပေး ထောက်ခံကြသည်ကို လည်းကောင်းဓါတ်ပုံမြင်ကွင်းများမှ တွေ့ မြင်ကြရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းကို နံနက် ၉ နာရိ ၃၀
မိနစ်ခန့်တွင် ကွင်းကြီး
တခုလုံးပြည့်လျှံပြီး အပြင်ဘက်တွင် ၀င်မရသော ပြည်သူများရှိသည်ဟု သိရှိရသည်။
၁၀ နာရီအထိ ကွင်းကြီးပြည့်လျံနေသောလည်း ဒေါ်အောင်ဆန်းစုကြည်မှာ မရောက်ရှိသေးပေ။
လမ်းတလျှောက် မနက်ဝေလီဝေလင်းထဲက ပြည်သူများက ချမ်းအေးသည့်ကြားမှ ကြိုဆိုကြ၍ ပြန်လည်နှုတ်ဆက်နေရသောကြောင့် အချိန်မှမရောက်နိုင်သေးဟုသိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချ