Friday, February 3, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း စီစစ်ထုတ်ပေးမည်

 ၃-၂-၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအထောက်အကူပြုစေရန် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းထုတ်ပေးရေးကို စီမံချက်ဖြင့်ဆောင်ရွက်ပေးသွားမည်။
ဧပြီလ ၁ ရက်နေ့တွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထောက်အကူပြုစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးရေးလုပ်ငန်း         ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ        တင်ရေးဦးစီးဌာနမှ မိုးပွင့်အဆင့် ၂ စီမံချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။