Friday, February 17, 2012

မလေးရှား ၀န်ကြီးချုပ်ဟောင်း Abdullah Ahmad Badawi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ



  လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် (Mahathir Mohamad) နဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက သူမရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ မဟာသီယာ မိုဟာမက်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ ဖိတ်ကြားချက်နဲ့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟော်တယ်မှာ လုပ်တဲ့ မြန်မာ မလေးရှား စီးပွားရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာတွေကို ဆွေးနွေးခဲ့ပါသေးတယ်။ မဟာသီယာ မိုဟာမက်ဟာ သူဝန်ကြီးချုပ်ဖြစ်တဲ့လက်ထက်မှာ မလေးရှားနိုင်ငံရဲ့စီးပွားရေးကို တစ်ရှိန်ထိုး တိုးတက်အောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။