Tuesday, January 31, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူသို့ ရောက်ရှိ

 
၃၁-၁-၂၀၁၂  (ဓါတ်ပုံ)AP                                                                                                 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၁နာရီ ခန့်တွင် ပခုက္ကူသို့ ရောက်ရှိနေပြီး မြိုင်မြို့နယ်အတွင်းရှိ ပဲပင်တိုက် ကျေးရွာသို့ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရပါသည်။ သွားရောက်သည့် ခရီးစဉ်မှာ ဗြိတိန် အစိုးရ လက်အောက်ရှိ DFID ၏ အကူအညီဖြင့်   ဆောင်ရွက်နေသည့် အသက်မွေးဝမ်းကျောင်း စီမံချက် ဆောင်ရွက်မှု လုပ်ငန်းများကို လေ့လာရန် သွားရောက်ခဲ့ ခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လေ့လာရေးခရီးစဉ်မှာ နေ့ချင်းပြန်ခရီး ဖြစ်ပြီး ရန်ကုန်မှတစ်ဆင့်       ညောင်ဦးမြို့သို့ လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပါသည်။ ညောင်ဦးမှတစ်ဆင့် စီမံချက်ရှိရာ ပဲပင်တိုက် ကျေးရွာသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ခြင်းဖြစ်ကာ
လမ်းတလျှောက်တွင် ပြည်သူအများအပြားက ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။