မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အကျဉ်းသား ၆၃၅၉ ထောင်ကျော်ထဲမှာ
နိုင်ငံရေးအကျဉ်းသားတွေ ပါလာမယ်၊ မပါလာဘူးဆိုတာ အများက မရေမရာဖြစ်နေချိန်မှာ
နိုင်ငံတော် သမ္မတရဲ့ အကြံပေးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာနေဇင်လတ်ကတော့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေတောင် ပါလာဖို့ မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ပထမအကြိမ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသား
တွေ မပါသလောက် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရတာ
လည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ်မှာ ထင်ရှားတဲ့နိုင်ငံရေအကျဉ်းသားတွေ ပါလာ
နိုင်မယ်လို့  သူယုံကြည်ကြောင်း ဒေါက်တာ နေဇင်လတ်က ပြောဆိုခဲ့ပါတယ်။
