Wednesday, October 12, 2011

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား စာရင်းများ ထွက်ပေါ်နေ

 အင်းစိန်ထောင်ရှေ့မြင်ကွင်း


 မန္တလေး အိုးဘိုထောင်ရှေ့မြင်ကွင်း

ဟင်္သာတ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇော် (ရွှေပြည်သာ)နှင့်
မအေးသီတာ (ပန်းချီဆရာ ငှက်ပျောသီးဇော်ဝင်း၏ သမီး) တို့ လွတ်မြောက်လာ

(ဒီမိုဖက်တီး ဖေ့စ်ဘုတ်)

-သာယာဝတီထောင်လွတ် လူစာရင်း (အီးမေးလ်မှ လက်ခံရရှိသည်)

၁ - ထွန်းဇော်(ခ)ဇော်မြင့်ဦး၊
၂ - စိုးမင်းဦး(ခ)ဇန်ဇန် ၊
၃ - ကြည်လွင်၊
၎ - ကိုမျိုး(ခ)ကျော်မျိုးမင်း၊
၅ - အောင်မင်း၊
၆ - စိုးလှိုင်၊
၇ - ရဲမြင့်၊
၈ - စောဖလူး ၊
၉ - စောလှဝင်း၊
၁၀ - မောင်မောင်အေး၊
၁၁ - မိုးညွန့်ဇော် ၊
၁၂ - ထန်ကိုဟောက်၊
၁၃ - ဇော်လင်းဥိး၊
၁၄ - စောသက်ထွန်း၊
၁၅ - ကျော်သူရ(အသေးလေး)၊
၁၆ - လှဝင်း၊
၁၇ - မြင့်ဦး၊
၁၈ - အောင်ခိုင်၊
၁၉ - ကျော်ဆန်း၊
၂၀-ရှမ်းပု၊
၂၁-မောင်မောင်လတ်(ခ)ကိုလတ်၊
၂၂-ပေါ်လွင်(ခ)ကိုပေါ်၊
၂၃-နိုင်ဝင်း(ခ)ဦးနန္ဒဝံသ၊
၂၄-နေမင်း(ခ)ဝင်းရွှေ၊
၂၅-နေဝင်းအောင်(ခ)ဦးတိက္ခ၊
၂၆-ကျော်မော်

-မိတ္ထီလာ - ဒေါ်စန်းစန်းတင်၊ ကိုညွန့်ဝင်း မအူပင် - နွဲ့နှင်းရည် ပခုက္ကူ - ချစ်ကိုလင်း

မြင်းခြံ - အောင်သိုက်စိုး၊ သီဟ၀င်းတင် လွိုင်ကော် - ဦးပီတာ မော်လမြိုင် - ဖြိုးဖြိုးအောင်
တောင်ကြီး - ဦးကျော်ခင် ရမည်းသင်း - သော်ဇင်ထွန်း၊ နေဇာမျိုးဝင်း၊ ဘုန်းကြီး (၄)ပါး
တောင်ငူ - ညီညီဦး၊ ပြည့်ဖြိုးအောင်၊ ဇင်မင်းထွန်း သာယာဝတီ - ကြည်လွင်၊ စောသက်ထွန်း၊
စောလှိုင် (လက်ခံရရှိသော အီးမေးလ်မှ)

-ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု

ပြောကြား (Eleven Media Group)

-တောင်ကြီး အကျဉ်းထောင်မှ အကျဉ်းသား ကျား ၁၇၂ ဦး၊ မ ၃၈ ဦး ပြန်လည်လွတ်မြောက်

ကြောင်း (Eleven Media Group)

-မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာ

ကြောင်း (Eleven Media Group)

-မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် လူရွှင်တော် ကိုဇာဂနာကို 

ယနေ့နံနက် ၈ နာရီ ခန့်တွင် ပြန်လွှတ် ပေး လိုက်ပြီဖြစ် (ဧရာဝတီ)

-ရန်ကုန်တိုင်း တတိုင်းလုံးရှိ ထောင်များနှင့် အလုပ်စခန်းများတွင် ကျခံနေရသော အကျဉ်းသား

စုစုပေါင်း ၆၄၂ ဦးကို ယနေ့ လွှတ်ပေးမည်ဖြစ်ကြောင်း၊ အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၇၈ 
ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ပုဒ်မ ၅ ည ကဲ့သို့သော အမှုနှင့် ထောင်ကျနေရသူ ၇ ဦးသာပါဝင်
၍ အမျိုးသား ၆ ဦး အမျိုးသမီး တဦး ဖြစ်ကြောင်း၊ မည်သူများဖြစ်သည်ကိုမူမသိရသေးကြောင်း၊ 
ထောက်လှမ်းရေးဟောင်းများ တဦးမှ မပါဝင်ကြောင်း ရန်ကုန်တိုင်း အင်းစိန်ထောင် တာဝန်ခံ 
ဦးကျော်က ပြော(ဧရာဝတီ)

-ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှ စမ်းချောင်း ကိုကိုကြီး (ခ) ကေဖိုး၊ ဗကသ အဖွဲ့ဝင် သန်းထွန်းဇင် နှင့် ရဟန်းတပါးသာ လွတ်မြောက်မည်ဟု ထောင်အာဏာပိုင်များက ပြောဆို

ကြောင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ဗကသ အဖွဲ့ဝင် ကိုစည်သူ
မောင်တို့ လွတ်မြောက်မည် မဟုတ်ကြောင်း စည်သူမောင်၏ မိခင် ဒေါ်နုနုဆွေက ပြောသည်။
ခင်ပွန်းဖြစ်သူ  ဦးပီတာမှာ ကယားပြည်နယ်လွိုင်ကော်ထောင်မှ ယနေ့နံနက်က လွတ်မြောက်ခဲ့
သည်ဟုထောင်အာဏာပိုင်များက အကြောင်း ကြားကြောင်း ဒေါ်နုနုဆွေက ဆက်လက်ပြော
(ဧရာဝတီ)

-ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာ

ကြောင်း (Eleven Media Group)

-မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာ (Eleven Media Group)

-၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး 

တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း (Eleven Media Group)

-ထောင်ဒဏ် ၁၀၆နှစ်ကျခံနေရသော SSPC ဥက္ကဌ ဗိုလ်ချုပ်ဆေထင်(ခ) စိုင်းကျော်စိန်မှာလည်း စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း (Eleven Media Group)


၂၀၀၀ ပြည့်နှစ်က ပဲခူးမြို့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ဗကသ အဖွဲ့ဝင် ကိုဝင်းအေး (ခေါ်)          ကိုကိုလတ် သည် ထောင်ဒဏ် ၂၁ နှစ် ကျခံနေရာမှ ယနေ့တွင် အင်စိန်ထောင်မှ             ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။
ပဲခူးအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူစုစုပေါင်း ၂၁ ဦးလွတ်မြောက်ပြီး ယုံကြည်          ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄ ဦးပါဝင်ကြောင်းနှင့် ၎င်းတို့မှာ ဦးစိန်လှိုင်၊ ဦးတိုးကြည်၊            ကိုညီညီ (ခေါ်) ရဲသူကိုနှင့် ကိုဝဏ္ဏအောင်တို့ဖြစ်ကြောင်း သိရသည်။
 ကလေး အကျဉ်းထောင်မှ ဦးသိန်းလွင်ဦး၊ ကိုမြင့်နိုင်၊ ကိုမျိုးကြီး၊ ဦးအေးချို၊ ဘွဲ့ခမ်း (ခ)     အောင်အောင် နှင့် ကိုမင်းအောင် တို့ လွတ်မြောက်လာကြောင်းသိရှိရပါသည်
မော်လမြိုင်ထောင်တွင် ၂၆နှစ်ကျနေသော ကိုသက်ဦး(လူ့ ဘောင်သစ်) ယနေ့         ပြန်လွှတ်လာကြောင်း။
 
ခန္တီးအကျဉ်းထောင်မှ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံသူ စုစုပေါင်း ခြောက်ဦး လွတ်မြောက်လာ
ခြင်းဖြစ်ပြီး ထိုသူများ၌ မစုစုနွေးပါဝင်လာခြင်းဖြစ်သည်။ မစုစုနွေးသည် ၂၀၀၇ခုနှစ် နိုဝင်ဘာလ
က အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ရှစ်နှစ် ခြောက်လကျခံခဲ့ရခြင်း ဖြစ်ပါသည်။ ခန္တီးမှ ရန်ကုန်သို့ လာရောက်မှုတွင် အစောဆုံး စနေနှင့် နောက်အကျဆုံး တနင်္ဂနွေနေ့တွင် ရောက်ရှိမည်ဟု ထပ်မံ သိရပါသည်။