Sunday, October 9, 2011

စစ်မှန်သော ဒီမိုကရေဆီသို့ 

ဒီမိုကရေစီသည် အများဆန္ဒကို လက်ခံကျင့်သုံးသော စနစ်ဖြစ်သည်။

ဒီမိုကရေစီ၏ မူလစကားသည် ဂရိဘာသာစကား ဖြစ်ပါသည်။ ဒီမိုဆိုသည်မှာ လူအများဖြစ်ပြီး ကရေစီဆိုသည်မှာ အုပ်ချုပ်ခြင်းဟူ၍ အဓိပ္ပါယ်ရရှိပါသည်။ လူအများအကျိုးအတွက် လူအများ
ဆန္ဒအတိုင်း လူအများအုပ်ချုပ်ခြင်းဟူ၍ အဓိပ္ပါယ်ရရှိပါသည်။ ဒီမိုကရေစီကျင့်စဉ်၏အစသည် လူထုပင်ဖြစ်ပါသည်။ဒီမိုကရေစီမှာ အာဏာသည် ပြည်သူ့ ထံမှဆင်းသက်ရမည်ဟုဆိုထားသည်။

မြန်မာနိုင်ငံ အာဏာရှင်စနစ်လက်အောက်တွင် ၂၀၀၈ အခြေခံဥပဒေကို စစ်အာဏာရှင်တို့ ၏
စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သောကြောင့် အာဏာရှင်တို့ ကို အကာကွယ်ပေးထားသော
ဥပဒေများပါဝင်နေသည်။ဥပဒေကို မိမိတို့ စိတ်ကြိုက် လိုသလိုအသုံးပြုနေခြင်းသည် ဒီမိုကရေစီ
မဟုတ်ပါ။တရားဥပဒေသည် လွတ်လပ်၍တရားမျှတမှုရှိပြီး ပြည်သူပြည်သားများအကျိုးအတွက်
အကာအကွယ်ပေးနိုင်သော လုပ်ထုံးလုပ်နည်းများကို ဆိုလိုသည်။မဆလ ခေတ်တွင် ဆိုရှယ်လစ်
စနစ်ကို မြန်မာ့နည်းမြန်မာဟန်ဖြင့် မိမိစိတ်တိုင်းကျရေးဆွဲထားခြင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ဟုခေါ်တွင်ခဲ့သည်။ယနေ့ ခေတ် အာဏာရှင်မှ အသွင်ပြောင်းလာသည့် ပြည်ထောင်စုမြန်မာနိုင်ငံ
တော်ဟုခေါ်တွင်သော အခြေခံဥပဒေတွင်လည်း စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု 
မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် သုံးနှုန်းခဲ့ခြင်းသည် စည်းကမ်းဆိုသော ထိမ်းချုပ်မှုကိုထည့်သွင်းကာ
မိမိတို့ လိုသလို အသုံးချနိုင်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးရှင် ကိုကိုအောင်၏ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆောင်းပါ
တွင် ပါရှိသည့်ဒီမိုကရေစီစနစ်ဟူသည် လူနှင့်လူ့ ဘောင်အဖွဲ့ အစည်းတို့ အတွက် လိုအပ်
ချက်အရပေါ်ပေါက်ဖြစ်ထွန်းလာသောစနစ်တခုဖြစ်သည်။ဒီမိုကရေစီစနစ်ဆိုသည်မှာ 
လူပုဂ္ဂိုလ် တဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့်အခြေခံအခွင့်အရေးများကို ကာကွယ်မြင့်
တင်နိုင်သည့် ကျင့်စဉ် တရပ်ဖြစ်၍ လူသားများက စံပြုထိုက်သည့်ကျင့်စဉ်အဖြစ် ခံယူလေ့ရှိကြပါသည်။ဒီမိုကရေစီ သည် တရားဥပဒေကို ဦးထိပ်ထားခြင်းဖြင့် 
ထူတောင်ရသည့် စနစ်ဖြစ်ပြီး လူပုဂ္ဂိုလ်တဦးချင်းစီက ဥပဒေဘောင်အတွင်းမှ 
မိမိတို့ ၏အခွင့်အရေးနှင့်ရပိုင်ခွင့်များကို ကျင့်သုံးရခြင်းဖြစ်သည်။ 
တရားဥပဒေစိုးမိုးမှုနှင့် လူ့ အခွင့်အရေး လေးစားလိုက်နာစောင့်ထိမ်းမှုတို့ 
သည် ဒီမိုကရေစီရှင်သန်ရေးအတွက် ကောင်းမွန်သည့် ရေခံမြေခံ များပင်ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် မိမိ၏ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ
ဖေါ်ထုတ်ပြောဆိုပိုင်ခွင့် ရေးသားဖြန့် ဝေခွင့် ငြိမ်းချမ်းစွာစုဝေခွင့် တန်းစီလှည့်လည်
ခွင့်များ ရရှိကြသော်လည်းယင်းအခွင့်အရေးများသည် ဥပဒေနှင့်အညီသာ ဖြစ်ကြရ
မည်ကို သတိပြုသင့်ပေသည် ဟုဆိုသည်။

နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေ အခန်း (၈) ပုဒ်မ ၁၅၄ တွင် နိုင်ငံတော် လုံခြုံရေး 
တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး (သို့ )ပြည်သူတို့ ၏ ကိုယ်ကျင့်တရား
အကျိုးဌာပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့် ကျင်လျှင် မိမိ၏ယုံကြည်ချက်
ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆို့ခွင့် ရေးသားဖြန့် ဝေခွင့်ရှိ
သည်။ဥပဒေနှင့်အညီ တာဝန်ယူမှုရှိရမည်ဟု ဆိုထားသည်။

စာရေးသားသူသည် အစိုးရပိုင် သတင်းစာမှ အတိအလင်းရေးသားခြင်းကို တာဝန်ယူမှုရှိရမည်
ဖြစ်သည်။မြန်မာနိုင်ငံစာပေစီစစ်ရေးဘုတ်အဖွဲ့ ထားရှိခြင်းသည် စာပေလွတ်လပ်ခွင့် တားစီးပိတ်
ပင်နေခြင်းဖြစ် သည်။ Eleven Media Group မှရေးသားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်များအရ
ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များ၊ ပဋိညာဉ်များဆိုသည့် ရေးသားဖေါ်ပြ
ချက်ကို ခွင့်ပြုချက်ပိတ်ပင်ခဲ့သည်။

အစိုးရသစ် တက်လာပြီးမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရေးသားမှုများ
ပုဒ်ခတ်မှုများ ရှိခဲ့ပြီး ဆောင်းပါးနှင့်ဓါတ်ပုံများကိုလည်း ပိတ်ပင်ခဲ့ဘူး သောကြောင့် စစ်မှန်၍ 
စည်းကမ်းပြည့်ဝသော စီမိုကရေစီစနစ်ကို ထူထောင်နေသောအစိုးရသစ်လက်ထက်တွင်
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်၍ လွတ် လပ်မှုနှင့်လူ့ အခွင့်အရေးကို လေးစားလိုက်နာရန် လိုအပ်ပေသည်။
နောက်နောင် ဒီလိုမဖြစ်အောင်လည်း တာဝန်ရှိသည်။
မြစ်ဆုံစီမံကိန်းနှင့်ပါတ်သက်၍လည်း အစိုးရအဖွဲ့ စက်မှုဝန်ကြီးဦးဇော်မင်းမှ ပြည်သူကိုစိန်ခေါ်
၍ ဓါးဓါးခြင်း ဒုတ်ဒုတ်ခြင်း ဖြေရှင်းမည်ဟု ဥပဒေလက်မဲ့ပြောဆိုခဲ့သည်များကို စည်းကမ်းပြည့်ဝ
သော ဒီမိုကရေစီစနစ်ဟုခေါ်ဆိုပါသလား ဥပဒေက အစိုးရကိုကာကွယ်ပေးထားပါသလား 
ဥပဒေစိုးမိုးမှု ဟုတ်ပါသလားဟု ဆောင်းပါးရှင်အား မေးမြန်းချင်ပါသည်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရတက်လာပြီး တိုင်းရင်းသားဒေသများတွင် စစ်တပ်မှ
ထိုးစစ်ဆင်၍ လက်နက်ကြီးများဖြင့် ပြစ်ခတ်နေခြင်းသည် လူ့ အခွင့်အရေးချိုးဖေါက်နေခြင်း
ဖြစ်၍ တိုင်းပြည်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အေးချမ်းသာယာ
စွာနေထိုင်ရေးကိုအနှောက်အယှက်ပြုသောကြောင့် ဥပဒေစိုးမိုးရေးကိုလိုလားသည်ဆိုသော
အစိုးရတရပ်အနေဖြင့်ငြိမ်းချမ်းရေးကိုရှေ့ ရှု့ ၍ နိုင်ငံရေးနည်းအရ တွေ့ ဆုံဆွေးနွေးအဖြေရှာ
မှသာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖြစ်လိမ့်မည်။

ဒီမိုကရေစီသည် ဘက်လိုက်မှုမရှိစေရ တရားမျှတမှုရှိစေရပြီး ဥပဒေစိုးမိုးမှုသည် တနိုင်ငံလုံး
အတွက်ဖြစ်စေရမည် မြန်မာနိုင်ငံသားအားလုံးအတွက် ဖြစ်စေရမည်။ အဖွဲ့ အစည်းတခုတွက် အစိုးရတရပ်အတွက်မဖြစ်စေရ။ဥပဒေနှင့်အညီ တိုင်းသူပြည်သားတိုင်း အပြည့်အ၀ခံစားခွင့်ရှိရ
မည်ဖြစ်ပြီး အခြေခံဥပဒေသည်လည်း စစ်မှန်သည့်ဒီမိုကရေစီအရ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူ့ အခွင့်အရေးများ အပြည့်အ၀ပါဝင်ပြီး လူသားရပ်တည်မှု အာမခံချက်များကိုပေးနိုင်သော ခိုင်မာကျစ်လစ်သည့်အခြေခံ ဥပဒေဖြစ်ရမည်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဟုခေါ်ဆိုရာတွင် အခြေခံဥပဒေက အစိုးရကိုအကာ
အကွယ်ပေးထားသော ဥပဒေများပါဝင်နေပြီး ပြည်သူပြည်သားများမှာ ဥပဒေ၏ အကာအကွယ်
မှဆုံးရှုံးနေရရသည့်အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကာ စည်းကမ်းပြည့်ဝ
သော ဒီမိုကရေစီ အစား သန့် ရှင်းသောအစိုးရအဖြစ် ရပ်တည်နိုင်အောင် ပြန်လည်ပြင်ဆင်
မှုများပြုလုပ်၍ စစ်မှန်သည့် ဒီမိုကရေစီ အစိုးရဖြစ်လာပါက တိုင်းပြည်နှင့်လူမျိုး ဂုဏ်သိက္ခ
မြင့်တက် လာမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။