၂၂-၁၀-၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး သမားတွေကို
ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်
က မိမိတို့ရဲ့ ယုံကြည်ချက် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် ကြဖို့လိုကြောင်း အလေးအနက်ထား ပြောဆို သွားပါတယ်။
လွတ်မြောက်လာသူများကို ယုံကြည်ချက်ဖြင့် နိုင်ငံရေးဆက်လုပ်ဖို့ ကို အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ် ဒု ဥက္ကဌ ဦးတင်ဦးမှ တိုက်တွန်းသွားခဲ့ပြီး အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်ကလည်း ယုံကြည်ချက် ဆိုတာ ဘာလဲ၊ လွတ်မြောက်တယ်
ဆိုတာ ဘာလဲ ဒီနှစ်ခုကို မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ ကျမတို့ဟာ နိုင်ငံရေး
လုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး ဆိုပြီး နိုင်ငံရေး
ကိုဆက်လုပ်သွားကြဖို့  တိုက်တွန်းခဲ့ပါတယ်။