Tuesday, September 27, 2011
တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားသော ဗိုလ်ချုပ်များ(၄ )
 အလုပ်သမားအိမ်ယာ
အရာရှိရိပ်သာ
ကြီးမားလာသည် တရုတ် စီးပွားရေးနယ်ချဲ့ ပြသနာ
ဧရာဝတီမြစ် တိမ်ကောလာခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် နေခြင်းကြောင့် ဆည်စီမံကိန်းများး ရပ်ဆိုင်း ရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း သူများနှင့် ပညာရှင်များက တောင်းဆိုနေကြသည်။
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင်
မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြစ်ဆုံဆည် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်ကိုလည်း တရုတ်နိုင်ငံသို့ ရောင်းချကာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းမှ ၅၉၇ သန်း အထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်း ဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေ မှာ…  ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။တရုတ်နိုင်ငံ ရေကာတာ ၇ ခုကြောင့် မြစ်ချောင်းများတိမ်ကောခဲ့ရသည်။ကွန်မြူနစ် တရုတ်၏ စီပွားရေးနယ်ချဲ့ မှုသည်
နိုင်ငံတော်ကိုယ်စားပြု ရင်းနှီးမြုတ်နှံမှုဖြစ်သောကြောင့် အလုံးအရင်းနှင့် ထုထည်ကြီးမားသောကြောင့် အန္တရယ်ကြီးမားလှပါတယ်။တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်လုပ်ကိုင်နေပြီး  စီးပွားရေးနယ်ချဲ့  လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ပိုမိုရရှိရန် မြန်မာဗိုလ်ချုပ်တွေကို သန်းပေါင်းများစွာလပ်ထိုးပြီး မြစ်ဆုံရေကာတာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ တိုင်းပြည်အကျိုးအတွက်လို့  တာဝန်ရှိသူကပြောဆိုနေပေမဲ့ အကျိုးခံစားခွင့်ဟာ ၁၀%လောက်သာရှိမှာ သေချာပါတယ်။
ဆိုးကျိုးအနေနဲ့ ကတော့ ဒေသခံကချင်လူမျိုးတွေရဲ့  အိမ်မြေများပြောင်းရွှေ့ ခံရပြီး စိမ်းလမ်းစိုပြေနေသော တောတောင်ကြီးများ ဖျက်ဆီးခံရပြီး သဘာသပါတ်ဝန်းကျင်နဲ့ သစ်တောများ ပျက်ဆီးကာ သဘာဝတိရိစ္ဆာန်များ သေကျေပျက်ဆီးပြီး မြစ်ရေခမ်းချောက်ကာ စိုက်ပျိုးရေးထိခိုက်နိုင်စေသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်သယ်ယူပို့ ဆောင်ရေး ရေလမ်းကြောင်း ခရီးအတွက် အဓိကရေကြောင်း လမ်းမကြီး တစ်ခုဖြစ်သော ဧရာဝတီမြစ်ကြီး စတင်ရာ မေခနှင့် မလိခမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်စေပြီး နိုင်ငံ၏ စိုက် ပျိုးရေးနှင့် စီးပွားရေး ထိခိုက်စေသောကြောင့် စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်စေလိုကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားချက် တစ်စောင်ကို ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်
တောင်းဆိုထားပါတယ်။
ဧရာဝတီ မြစ်ကြီးမှာ စနစ်ကျသော စီမံကိန်းများ ကင်းမဲ့မှု၊ ထိန်းသိမ်းမှု ဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့သည် ပြသနာ 
ပေါင်းစုံကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ အတားအဆီး မရှိ တရားမဝင် သစ်ခုတ်လှဲမှုနှင့် မီးသွေးဖုတ်မှုများကြောင့်
မြစ်ကမ်းဝဲယာရှိ သစ်တောများမှာ အလျင်အမြန် ပြုန်းတီးပျောက်ကွယ် နေကြောင်း၊ သစ်တောများ
ပြုန်းတီးမှုကြောင့် ကုန်းပေါ်တွင် ရေတိုက်စားမှု ပိုမို ဆိုးရွားလာပြီး နုန်းဖို့မှု အရှိန်မြင့်လာကာ မြစ်ကြမ်း 
ပြင် မြင့်တက်ခြင်းနှင့် သောင်ထွန်းခြင်းတို့ ပိုပို ဆိုးရွားလာခဲ့ကြောင်း စသည်ဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။
 ပြည်သူများအနေဖြင့် တတိုင်းပြည်လုံးအန္တရာယ်ကျရောက်မည့် ကွန်မြူနစ် တရုတ်စီးပွားရေးနယ်ချဲ့  လာမှုကို အခုအချိန်မှာ တားဆီးမနိုင်ခဲ့ရင် နောင်ကာလတွေမှာ တရုတ်၏ရင်းနှီးမြုတ်နှံမှု ကြီးထွားလာ မှာဖြစ်ပြီး တရုတ်၏ စီးပွားရေးလက်အောက်ခံ နိုင်ငံတခုဖြစ်လာပါလိမ့်မည်။ ကမ္ဘာမှာစီးပွားရေးမြင့်တက်လာသောတရုတ်သည် အမေရိကန် ဂျပန် တို့ ကိုကျော်ပြီး နံပါတ် ၁ နေရာ ရယူရန် ကြိုးစားနေပြီး မြန်မာနိုင်ငံ၏ ပေါ်ကြွယ်ဝသော သဘာဝအရင်းအမြစ်များကို ဂုတ်သွေးစုတ်ရန် အလုံးအရင်းနှင့် စစ်ဗိုလ်ချုပ်တွေကို စည်းရုံးကာ ငွေအားဖြင့် စီးပွားရေးနယ်ချဲ့ လာနေသည်ကို တွေ့ ရှိ
နေရသည်။ 
ရောက်ရမည့် အရေးကိုတွေးပြီး ရင်လေးမိပါသည်။
ပြည်ထောင်စု အစိုးရဝန်ကြီး ဦးစိုးသိန်းက နိုင်ငံခြားရင်းနှီးမြုတ်နှံမှု ဖိတ်ခေါ်တဲ့ နေရာမှာ တိုင်းရင်းသားအရင်းအနှီး မထိခိုက်မယ့် လုပ်ငန်းတွေ၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ မထိခိုက်မယ့် လုပ်ငန်းတွေ၊ အချုပ်အချာအာဏာ မထိခိုက်မယ့် လုပ်ငန်းတွေကို အမြန်ဆောင်ရွက်ပေးပါ့မယ်။ရွေးကောက်ခံထားရတဲ့ သူတွေအပါအဝင် အစိုးရတာဝန်ယူထားတဲ့သူတွေကလည်းစဉ်းစားရမှာဖြစ်သလို ပြည်သူတွေဘက်ကလည်း စဉ်းစားပေးရမှာပေါ့။ အားနည်းနေတဲ့ဥပဒေတွေကို ပြင်ဆင်ပေးသွားမယ်။ဆန္ဒပြတယ်ဆိုတာ 
ဒီမိုကရေစီ ခေတ်မှာဆိုရင် ဒါမျိုးတွေက တွေ့ လာရမှာပါပဲ။နှစ်ဦးနှစ်ဘက်သွားမှ ဒီမိုကရေစီ ရောက်မှာပေါ့လို့ ပြောဆိုခဲ့တာတွေဟာ တကယ်ဘဲ ပြည်ထောင်စုဝန်ကြီးရရဲ့  ဂုဏ်သိက္ခာကို ဘယ်ဘယ်လောက်အထိ အာမခံမလဲဆိုတာ ဆောင့်ကြည့်ရမှာဖြစ်ပါတယ်။
မြန်နိုင်ငံသားတိုင်းသားများအဖို့ ဧရာဝတီစီမံကိန်းသည်ကျွန်ဘ၀သားစဉ်မြေးဆက် ရောက်ကြရမည်
ဖြစ်သောကြောင့် မိမိတို့ အနေဖြင့် လူသားမျိုးနွယ် ရှင်သန်ရေး အတွက် အသက်ထက်မက အရေးကြီးသောကြောင့် ဒီမိုကရေစီအရေး တိုင်းရင်းသားလူမျိုးစုအရေး လူသားအခွင့်အရေး ရရှိနိုင်ရန် အစိုးရသစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောဆိုတဲ့အတိုင်း ဒီမိုကရေစီနည်းဖြင့်
ပြည်သူ့ ဆန္ဒဖေါ်ပြ၍  ပြည်သူ့ သဘောထားကိုထုတ်ဖေါ်နိုင်မှသာအစိုးရအနေဖြင့် ပြန်လည်
သုံးသပ်မည်ဖြစ်သောကြောင့် ပြည်သူ့ အင်အားစွမ်းပကားပြဖို့ လိုအပ်နေပါသည်။