Friday, July 5, 2013
မပြီးသေးသော ပန်းချီကား အပြစ်တင်မစောနဲ့လား.
ဆေးစက်ကျရာ စုတ်တံဖြာ၍
ကိုယ်လိုရာပုံ မျက်စိစုံမှာ
စုပြုံမျော်လိုက် အကြည့်စိုက်ပြီး
အင်တိုက်အားတိုက် ဆွဲနေခိုက်ဝယ်
ဘေး၌ကြည့်သူ အမြင်မတူ
တပူပူ တပွမ်ပွမ်
ဝေဖန်ပြောဆို ကဲ့ရဲ့လို၍
ပါးစပ်ကိုရွဲ့ မျက်နှာမဲ့နှင့်
ပြီးတဲ့အထိ စောင့်မကြည့်ပဲ
ပြောမိပြောရာ ပြောဆိုလာသည်
ကချလာပါ ပန်းချီဆရာ..... တဲ့။
ပန်းချီပုံကြီး ဆွဲလည်းပြီးရော
ဟပြီးတဲ့ပါးစပ် မပိတ်တတ်တော့
မထင်မှတ်အောင် လှပါသဗျ
ဘဝင်ကျအောင် ဆွနိုင်စွ
အဲဒါ... အာဂပန်းချီဆရာ .....ဗျ။
အလားတူပါ ကိုယ့်လူတို့ရာ
ဒေါ်စုဆွဲတာ စောင့်ကြည့်ကြပါ
မြင်ရာကိုပြော ပြစ်တင်မစောနဲ့
ရောမမြို့ဆောက်တာ
တစ်နေ့တာနဲ့ မပြီးပါ
ခြစားနေရှာတဲ့ အိမ်အိုကြီးလည်း
အချိန်တိုတိုနဲ့ ဘယ်ပြင်ပြီးမလဲ
စုစည်းအားနဲ့ ဝိုင်းကာပြင်မှ
တိုင်းမြန်မာတစ်ခွင် သစ်လွင်လာလိမ့်....မှာ။
(တက္ကသိုလ်ဘုန်းကြွယ်)
Posted by
mya thein
ဗကသ နှစ်ပေါင်း (၇၇) နှစ် ပြည့် မွေးနေ့ သမိုင်း
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (၇၇) နှစ်ပြည့်အထိမ်းအမှတ် ဗကသမျိုးဆက်အသီးသီးတွေ
့ဆုံပွဲ ကို ယနေ့ ၂၀၁၃ ခုနှစ်၊ မေ (၁၀) ရက် ၊ စိတ်တိုင်းကျ(တောင်ဥက္ကလာ)
လက်ဖက်ရည်ဆိုင် ခန်းမဆောင်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ခေတ်အဆက်ဆက် ဗကသမျိုးဆက်အသီးသီးမှ ခန့်မှန်းခြေ အယောက်(၃၀၀) ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် မသင်ဇာခိုင်နှင့် ကိုနန္ဒာစစ်အောင်တို့  ကဆောင်ရွက်ခဲ့ကြပြီး ဗကသ အလံတော် နှင့် လွပ်လပ်ရေး၊ဒီမိုကရေဒီရေး တိုက်ပွဲအသီးသီးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အပေါင်းတို့ အားအလေးပြု၍အခမ်းအနားဖွင့်

လှစ် ခဲ့သည်။
ထို့ နောက် ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဌ ကိုကျော်ကိုကို
ကတွေ့ ဆုံပွဲကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့ပြီး
တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်
က ဗကသများအဖွဲ
့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ )၏ သဝဏ်လွှာ ကိုဖတ်ကြားခဲ့သည်။
Posted by
mya thein
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လူရည်ချွန်ကျောင်းသားလူငယ်များနှင့် တွေ့ ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်ပြည်သူ့လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး အဌမနေ့ကိုတက်ရောက်လာစဉ်တက္ကသိုလ် ၀င်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊
ကျောင်းသူများ၊ တပ်မတော်သားမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သောကျေင်းသားများ လူရည်ချွန်များ ပါဝင်သော ၄၀၀ ဦး သည် ယနေ့နံက်က ပြည်စူ့လွှတ်တော်အစည်းအဝေးသို့ လေ့လာရေးခရီးအဖြစ်လာရောက်လေ့လာစဉ် ကျောင်းသား၊ကျောင်းသူများကိုနုတ်ဆက်
စကားပြောကြားခဲ့သည်။
Posted by
mya thein
(၅၁)နှစ်မြောက် ဇူလိုင်(၇)ရက် ကျောင်းသားအရေးတော်ပုံ
အောက်မေ့ဖွယ်အခမ်းအနား ဖိတ်ကြားလွှာ
Posted by
mya thein
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအထ္တုပ္ပတ္တိအကျဉ်း
ဇူလိုင်လ ၁၉ ရက်နေ့ တွင်ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ သည် မြန်မာ့သမိုင်း၌ မမေ့အပ်သော နေ့ တစ်နေ့ ဖြစ်ပါသည်။
၆၄ နှစ်မြောက်တွင် တင်ပေးထား Scribd file ကို ပြန်လည်တင်ပေးလိုက်ပါသည်။
Posted by
mya thein
လွတ်လပ်သော တက္ကသိုလ် ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း
လွတ်လပ်ခိုင်မာသော တက္ကသိုလ်ဥပဒေ တစ်ခုပြဋ္ဌန်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ပြုလုပ်သော Empowering Higher Education ဆွေးနွေးပွဲတွင် ၎င်း၏ ပြောကြားချက်မှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ၁၉၇၄ ဥပဒေအားပယ်ဖျက်နိုင်ရန် (သို့) လွတ်လပ်သော တက္ကသိုလ်အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် မူကြမ်းရေးဆွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါ မူကြမ်းထွက်ရှိလာပါက ပြည်သူများအားထုတ်ပြန်၍ ပြင်ဆင်ခွင့်၊ ဆွေးနွေးခွင့်များလည်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ BAN NY
Posted by
mya thein
အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
အား အန္ဒိယနိုင်ငံ နယူးဒေလီမှ ဘုန်းတော်ကြီး Lama
Lobzan(Ladakhi) က လာရောက်တွေ့ ဆုံ
Posted by
mya thein
Thursday, July 4, 2013
Wednesday, July 3, 2013
၇ ဇူလိုင် (၅၁)နှစ်ပြည့်
လာမည့် ဇူလိုင်လ (ရ)ရက်နေ့ ဟာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုဖြိုခွဲ ဖျက်စီးခံခဲ့ရတာ
(၅၁)နှစ် ပြည့်ပါပြီ ကျောင်းသားသမဂ္ဂ ရဲ့ တရားဝင်မှုကို အစိုးရအဆက်ဆက်ငြင်းပယ်ခဲ့တာလည်း
တစ်ကယ်တော့ ကျောင်းသား သမဂ္ဂပေါ်ထွက်လားခြင်းဟာ ခေတ်ရဲ့ တောင်းဆိုချက် သမိုင်း ရဲ့ တောင်းဆိုချက် ပြည့်သူတွေရဲ့ တောင်းဆိုချက်အရပေါ်လာတာပါ …။အင်္ဂလိပ် အစိုးရကို ဆန့်ကျင်တဲ့ အတွက် နိုင်ငံရေးအသွင်ဆောင်တယ်လို့  ပြောလို့ ရပါတယ်။
ဘယ်ခေတ်ကျောင်းသားပဲဖြစ်ဖြစ် အဓိကလုပ်ရမှာက ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးပါ။
ကျောင်းသားသမဂ္ဂကို ၁၉၃၆ ခုနှစ်မှစတင်ဖွဲ့ စည်းခဲ့ပါတယ် ။ ၁၉၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ ၏နောက်ဆုံးနှစ်ပါ။ကျောင်းသားသမဂ္ဂ အဆောက်အဦကို အစိုးရက ၁၉၆၂ ခုနှစ်( ဇူလိုင် ရ )ရက်နေ့  မှာဖြိုခွဲ ဖျက်စီးခဲ့ပါတယ်။ ခုဆိုရင် ၅၁ နှစ်ပြည့်ပါပြီ။ယခင်ကျောင်းသားသမဂ္ဂ က အဓိက လုပ်ဆောင်ချက် (၃)ချက် ရှိပါတယ်။
Posted by
mya thein
EU အနေဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့  လူ့ အခွင့်အရေး အာမခံချက်ရှိသော ဥပဒေတွေပေါ်ထွန်းဖို့  တောင်းဆိုသင့်
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန်နဲ့  ပြင်သစ် နိုင်ငံတွေကို ဇူလိုင်လ ၁၄ ရက်မှ၁၈ ရက်နေ့ အထိ သွားရောက်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။ ဒါဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာထိပ်တန်း ခေါင်းဆောင် ပထမဆုံး ဗြိတိန် ခရီးစဉ် ဖြစ်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင် တွေရဲ့ ဖိတ်ကြားချက်အရ လို့ သိရှိရပါတယ်။ပညာရေး ကဏ္ဍ၊ စီးပွားရေး ရင်းနှီးမြုပ်နှံမှုနဲ့  လူသားချင်း စာနာမှုအကူအညီတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့  မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေး
ရင်းနှီးမြုတ်နှံမှုတွေကို ဖွင့်ပေးလိုက်ပြီး ဦးသိန်းစိန် အစိုးရကို ထိတွေ့ ဆက်ဆံမှုတွေပြန်လည်
လုပ်ဆောင်လာပြီး EU ရုံခွဲလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့ပါသည်။ EU အနေဖြင့် မြန်မာ
နိုင်ငံ၏ ဒီမိုကရေစီအရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့  ကြိုးစားနေတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ် (IOL )က မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေရှိနေပြီး
ကလေးစစ်သား၊အဓမ္မခိုင်းစေမှု၊စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေမှု၊ပြည်တွင်းငြိမ်းချမ်းရေး
အစိုးရလုပ်ငန်းစဉ်တွေ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ဥပဒေစိုးမိုးမှုမရှိခြင်း ဘာသာရေး၊နိုင်ငံရေး
ပဋိပက္ခများဖြစ်ပွားခြင်း စသည်တို့ ကို ကိုင်တွယ်ဖြေရှင်းရာတွင် တရားမျှတမှုမရှိတာတွေရှိ
နေပါတယ်။ဒါတွေကို EU အနေဖြင့် မည်သို့ တောင်းဆိုမည်နည်း။
EU အနေဖြင့် ပညာရေး ကဏ္ဍ၊ စီးပွားရေး ရင်းနှီး မြုပ်နှံမှုနဲ့  လူသားချင်း စာနာမှုအကူအညီတွေကို ပေးရာမှာ ဒီမိုကရေစီနိုင်ငံများနည်းတူ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်တက်လှမ်းနိုင်ဖို့ 
ဒီမိုကရေစီစံနှုန်းတွေနဲ့ အတူ လူ့ အခွင့်အရေးကို အာမခံချက်ရှိသော ဥပဒေတွေပေါ်ထွန်းနိုင်ဖို့  အလေးထားတောင်းဆိုသင့်ပါသည်။
Posted by
mya thein
ဘုရားလုံခြုံရေး ရိုင်းစိုင်းစွာဆက်ဆံပြီး လူ့ အခွင့်အရေးချိုးဖေါက်
ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့်သမီးတော် သီရိဒုံ မြန်မာပြည်လာမယ်။ ညနေ ၅ နာရီ၊ ရွှေတိဂုံ ဘုရားကို ဖူးမယ်ဆိုလို့ ကျနော် ရွှေတိဂုံကို ရောက်သွားတယ်။ (တကယ်က အဲ့တာ ကျနော့် အဆိုင်းမန့်မဟုတ်ဘူး။ ဆေးရုံတက်နေတဲ့ ကျနော့်အမေကို ခဏသွားစောင့်ရမှာမို့ ကျနော်ရိုက်စရာရှိတဲ့ နေ့လည်ပိုင်း အဆိုင်းမန့်ကို ကျနော့် စီနီယာကို လွှဲပြီး ညနေပိုင်းမှ သူရိုက်မယ့် အဲ့ဒီ သီရိဒုံခရီးစဉ်ကို ကျနော်သွားရိုက်တာ။ ဒီမှာ ပြဿနာတက်ဖို့ ဖြစ်လာခဲ့တာပဲ။)
ရွှေတိဂုံဘုရားကို ကျနော် ညနေ ၄ နာရီ စွန်းစွန်းကတည်းက ရောက်သွားတယ်။ မိုးရွာနေတယ်။ သီရိဒုံက မလာမလာနဲ့ နောက်ဆုံး ၇ နာရီကျော်မှ ရောက်တယ်။ မီဒီယာတချို့ရိုက်တဲ့ ဧည့်သည်တော်မှတ်တမ်း လက်မှတ်တွေဘာတွေတောင် ကျနော်လုမရိုက် တိုးမရိုက်ပဲ Public ဧရိယာကနေပဲ ရိုက်ဖို့ ကျနော်လုပ်တယ်။
ရွှေတိဂုံဘုရား အောင်မြေမှာ သီရိဒုံ ဆီမီးထွန်းပြီး အရှေ့မြောက်ထောင့်က သာယာဝတီမင်း ခေါင်းလောင်းဆီကို အသွား တနင်္ဂနွေထောင့်ရှေ့က ဂဝံရုပ်ပွားတော်တွေရှိတဲ့နားကနေ
အဲ့အချိန်မှာ ကျနော့်နောက်ကနေ ရွှေတိဂုံလုံခြုံရေးဝတ်စုံဝတ်ထား
Posted by
mya thein
" ရွာလည်တဲ့စာ "

လွှတ်တော်ကြီးစဖွင့်တာနဲ့ ထောင့်ထောင့် ကြီးနဲ့ တန်းတိုးပါတော့တယ်။ တကယ့်ကိုနားထောင်ရတာ တောင့်တောင့် ထောင့် ထောင့်ကြီးနဲ့ ထောင့်နေတာ သတ္တမ အကြိမ်တော့ရှိပါပေါ့ဗျာ။ တိုင်းလုံးကျော် အတွက်သာ ထောင့်နေတာ။ ဒီထောင့် ထောင့်ကြီးက လွှတ်တော်စတိုင်လား မသိ။ကဲ…ကြည့်လေ။ ပထမအကြိမ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး စဖွင့်တော့ ထုံးစံအတိုင်း ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့် မိန့်ခွန်းနဲ့ စဖွင့်ရော။ ထုံးစံအတိုင်း မိန့် ခွန်းကြီးက စကားပြောနဲ့ စကားပြေနှစ် နံ စပ်ကြီးလေ။နားထောင်ရတာ ဘယ်လိုကြီးမှန်းမသိ။
လွှတ်တော်ဥက္ကဋ္ဌရဲ့ မိန့်ခွန်းဆိုတော့ တိုင်းလုံးကျော်တို့ လည်း ဘယ်လိုကြီးမှန်း မသိပေမယ့်လည်း နားထောင်ရတာပေါ့။ နား ထောင်ရင်းနဲ့ တိုင်းလုံးကျော်ရဲ့ မိတ်ဆွေ မြန်မာ လို ပြောတတ်တဲ့ နိုင်ငံခြား သူ တစ်ယောက်ကို ပြေး သတိရမိတယ်။”ဆရာ ကျန်းမာပါရဲ့လားရှင်။ ဆရာနဲ့ စကားပြောခွင့်ရတာ ဝမ်းသာပါသည်ရှင့်” တဲ့။
Posted by
mya thein
ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဌမနေ့
ပထမအကြိမ်
ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဌမနေ့အစီအစဉ် ကျင်းပရာ
အစည်းအဝေးတွင် ဦးကြည်တင့် ဓနုဖြူ မဲဆန္ဒနယ် မှ နိုင်ငံတော်အစိုးရမှ
တရားဝင်ခွင့်ပြုချက်မရှိဘဲ အဖျက်လုပ်ငန်းများဥပဒေမဲ့ လုပ်ဆောင်နေသည်ကို
သိရှိပါသလား၊ သိရှိသည်ဆိုပါက လည်းကောင်းကိစ္စရပ်များကို
ရှင်းလင်းဆောင်ရွက်ရန် ရှိ/ မရှိမေးခွန်း။ ဦးမြင့်စိုး ပျော်ဘွယ်မဲဆန္ဒနယ်မှ ခရိုင်အဆင့်အထိ အကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့များတိုး ချဲ့ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီေ သာ သင်တန်းပေးခြင်း၊အင်းအားတိုးချဲ့ ဖွဲ့စည်းနိုင် ခြင်းရှိ/ မရှိမေးခွန်း။
ဦးတင်မောင်ဦး ရွှေပြည်သာ မဲဆန္ဒနယ် မှ နိုင်ငံတော်မှ လွတ်လပ်ရေး
မော်ကွန်းဝင် အဆင့်လိုက် လူပုဂ္ဂိုလ်အရေအတွက် မည်မျှရှိခဲ့ပြီး
မည်မျှကွယ်လွန်၍ မည်မျှ ကျန်ရှိပါသနည်း အဆိုပါပုဂိုလ်များအား
တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေအား ချီးမြှင့်ရန် ရှိ/ မရှိမေးခွန်း။
ဦးသိန်းညွှန့် သင်္ဃန်းကျွန်း မဲဆန္ဒနယ် မှ ၆၆ ကြိမ်မြောက် အာဇာနည်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်ေးဆာင်ကြီးများ၏ ဂုဏ်ကျေးဇူးကို
အမှတ်တရ သတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရက
မြန်မာ့အသံမှ ဥသြဆွဲသံကိပြန်လည်ထုတ်လွင့်ပေးရန် ရှိ/ မရှိမေးခွန်း များကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်သည် ။
Posted by
mya thein
၁၉၆၂ ခုနှစ် မျိုးဆက် ဗကသ ကျောင်းသားခေါင်းဆောင် ဦးစောတင်အေး ကွယ်လွန်ခြင်း အတွက် ဗကသ များအဖွဲ့ချူပ် မှပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာ
Posted by
mya thein
ဖေ့စ်ဘုတ်ပေါ်မှာလည်း လူလိမ်တွေ အတော်ပေါသကိုးဗျ
အမယ် ..... “အိုဘားမားက နိုင်ဂျီးရီးယားခရီးစဉ် မိန့်ခွန်းမှာ ဒေါ်စုမကောင်းကြောင်း ပြော” တယ်ဆိုပဲ သြော် .....
ခမျာမှာ ဒေါ်စုကို မနာလိုမရှုဆိမ့်နိုင်တော့ အိုဘားမားနဲ့တောင် လှည့်ပြီး
ရန်တိုက်လိုက်သေးသဗျ။ အိုဘားမားက ဒီရက်ပိုင်းမှာ အာဖရိက သုံးနိုင်ငံကိုပဲ
ခရီးသွားခဲ့တာပါ။ အဲဒီ့နိုင်ငံတွေက ဆီနီဂေါ၊ တန်ဇန်နီးယားနဲ့
တောင်အာဖရိကတို့ပဲ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားကို မသွားခဲ့ပါဘူး။
ဘယ်တွေသွားခဲ့လဲ၊ ဘာတွေ ပြောခဲ့လဲဆိုတာ သိချင်ရင် အိမ်ဖြူတော်ဝက်ဆိုက်ကို
ဝင်ကြည့်ရုံပါပဲ။ လင့်မသိရင် ပေးလိုက်ပါဦးမယ်။ ဒီမှာပါ http://www.whitehouse.gov/ africa-trip-2013
ကိုယ့်လူရေ .. လိမ်မယ်ဆိုရင်လည်း ယုတ္တိရှိတာလေး လိမ်ပါဗျာ။ နို့မဟုတ်ရင် ရယ်ရလို့ အူတက်တော့မယ်။
ကိုယ့်လူရေ .. လိမ်မယ်ဆိုရင်လည်း ယုတ္တိရှိတာလေး လိမ်ပါဗျာ။ နို့မဟုတ်ရင် ရယ်ရလို့ အူတက်တော့မယ်။
Posted by
mya thein
ရှိလျှက်နှင့် မွဲ
ယနေ့ ဇူလိုင်လ ၁ ရက်နေ့သည်
ရခိုင့်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ စတင်
တင်ပို့သော နေ့ရက်ဖြစ်သည်။ လက်ရှိတွင် တစ်နှစ်
ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ နှုန်းဖြင့် ပို့ဆောင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်
တစ်နှစ် ကုဗမီတာ ၁၂ ဘီလျံ နှုန်းဖြင့် ပို့ဆောင်သွားမည် ဖြစ်သည်။
ပိုက်လိုင်းဖြတ်သန်းသွားလာရာ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်း ဒေသ
တစ်လျှောက်ရှိ ဆုံးရှုံးသွားသော လယ်မြေဧကပေါင်းများစွာအတွက် ထိုက်သင့်သော
လျော်ကြေးများ ကိုမူ အပြီးသတ် ပေးအပ်ခြင်း မရှိသေးဘဲ
သဘာဝဓာတ်ငွေ့ထုတ်လွှတ်မှုကို စတင်လိုက်ခြင်းဖြစ် သည်။
ပြည်သူလူထုသည် ယခင်နအဖ အစိုးရနှင့် ချုပ်ဆိုခဲ့သော ရွှေဂတ်စ်ထုတ်လုပ်ရေး စာချုပ်စာတမ်း များကို ယနေ့ထိ အလုံးစုံသိရှိခွင့် မရသေးပေ။ ပွင့်လင်းမြင်သာမှု လုံးဝမရှိသော နအဖချုပ်ဆိုခဲ့သော စာချုပ်ထဲက တစ်ခုဖြစ်သည်။ ပိုက်လိုင်းကိစ္စ၏ အဓိက တာဝန်ရှိ ကုမ္ပဏီဖြစ်သော China National Petroleum Corporation (CNPC) ၏ Corporate Social Responsibility (CSR) မှာလည်း အရေ မရ အဖတ်မရသာ ရှိနေသေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီပွားရေးပညာရှင်များက အထူးစီးပွားရေးဇုံနှင့်ပတ်သတ်၍ ဆွေးနွေးပွဲပြုလုပ်
Being facilator is that ok (EU).Does the NLD has strong standing .Advocating federalism. Economic policy….နာယက ဦးတင်ဦး၊ ဦးစိုးဝင်း၊ ဒေါက်တာမျိုးညွန့်၊ ဦးမင်းခင်၊ ဦးသန်းမြင့်၊ ကိုနေခြည်ဝင်း(ဗဟိုသုတေသနအဖွဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ဒေါ်အေးအေးမာ၊ ဒေါ်ခင်သန်း ထွေးနှင့် Royal Roads University မှ ဥပဒေပါမောက္ခ
Cannie Carter ၊ United Nations Information Centre မှ Sandra Chit Hpo
(reference assistant)၊ Myanmar Environment Institute မှကို စိုးသူရထွန်း(
vice chairman) တို့သည် မြန်မာနိုင်ငံ၏ အထူးစီးပွါးရေးဇုံများနှင့် ပတ်သတ်သော မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီပွားရေးပညာရှင်များက အထူးစီးပွားရေးဇုံနှင့်ပတ်သတ်၍ တိကျသေချာသောဥပဒေများရှိသင့်ကြောင်း၊ အစိုးရနှင့် ကုမ္မဏီများ ချုပ်ဆိုထားသော (သို့ ) ချုပ်ဆိုမည့် စာချုပ်ပါသတင်းအချက်အလက်များကို ပြည်သူများအား ပွင့်လင်းမြင်သာစွာချပြ သင့်ကြော င်း၊ ရင်းနှီးမြှပ်နှံသူများအနေဖြင့် မြေယာပိုင်ဆိုင်သောသူများအား တိုက်ရိုက်ထိတွေ့၍ အပြန်အလှန်အကျိုးရှိအောင်ပြုလုပ်ရန်လိုအပ်ကြောင်း၊
အစိုးရက ၄င်းတို့ ချုပ်ဆိုထားသော စာချုပ်ပါအချက်အလက်များကို ပြည်သူလူထုအား
အသိပေးမှုမပြုလုပ်လျှင်၊ အစိုးရနင့် ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံတကာ ကုမ္မဏီများက ပြည်သူလူထုကို အသိပေးလာစေရန်နိုင်ငံ တကာမိသားစု က အစိုးရနှင့် ရင်းနှီးမြုပ်နှံသည့်ကုမ္မဏီများ အား ဖိအားပေးတောင်းဆိုခြင်း ပြုလုပ်ပေးရန် ပြောကြားခဲ့သည်။
Posted by
mya thein
Tuesday, July 2, 2013
လူငယ်ပြည်သူတစ်ဦး ပညာရေးအကူအညီလိုအပ်နေ
ပညာရေးအကူပေးနိုင်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါသည်။ပညာရေးအကူအညီပေးကြတဲ့
ဖောင်ဒေးရှင်များနှင့် အဆက်အသွယ်ရှိသူများလည်း ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။
အခုဒီပုံထဲက သမီးလေးနာမည်က မအေးမြတ်သူ လိုခေါ်ပါသည်။ဒီနှစ်(၂၀၁၃-၂၀၁၄) သက္ကသိုလ်
ဝင်ခွင့် စာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနှင့်ထူးချွန်စွာနဲ အောင်မြင်ခဲ့ပါသည်။ သူစာမေးပွဲအောင်
တဲ့နှစ်မှ သူမ၏ ဖခင်ဟာ လေဖြတ်သွားပါသဖြင့် သူမ၏ဘ၀ရှေ့ရေးအတွက် အခက်တွေ့နေ ရပါသည်။သူအမှတ်ပေါင်း
ဒါပေမဲ့ သမီးလေးက စက်မှုသက္ကသိုလ် တတ်ဖို့ ဆန္ဒပြင်းပြနေပါသည်၊ မီဘများကချို့တဲ့ကြသလို ဖခင်ကလည်း ကျန်းမာရေးမကောင်းတော့တာကြောင့်
ပါလို ပညာရေးအလှူ အတွက် အကူအညီတောင်းခံအပ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ် -(+၉၅) ၀၉ ၃၁၅၅၉၉၂၆ -(+၉၅) ၀၉ ၄၂၀၀၂၅၃၀၈ (အေးမြတ်သူမိဘများကိုတဆင့်ဆက်သွ
အမည်- မအေးမြတ်သူ
အသက် - ၁၆ နှစ်
မိဘအမည် - ဦးကျင်သိန်းဦး၊ ဒေါ်စန်းစန်းဝင်း
မှတ်ပုံတင်နံပါတ်- ၁၂/လမန(နိုင်) ၀၅၃၀၈၃
ကျောင်းအမည် - အ ထ က (၂) လှိုင်
နေရပ်လိပ်စာ - တိုက်(၅၂/၄) ၄ လမ်း၊ ၂ ရပ်ကွက်၊ လှိုင်မြို့နယ်
ဂုဏ်ထူးရဘာသာများ - မြန်မာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ (၅) ဘာသာဂုဏ်ထူး
ရမှတ်များ - မြန်မာ(၇၅)၊ သချာင်္(၉၂)၊ ဓါတု(၉၆)၊ ရူပ(၉၄)၊ ဇီဝ(၉၅)၊ အင်္ဂလိပ်(၇၁)
စုစုပေါင်း= ၅၂၃ မှတ်
ဆက်သွယ်ရန် အီးမေလ်လိပ်စာ- nldhlaing2013@gmail.com
- thaungtancho@gmail.com
Posted by
mya thein
ဒါ နောက်ဆုံးပွဲဘဲ ဒီတစ်ခါ မနိုင်ရင် တစ်သံသရာလုံး ခံပေတော့
အရည်အချင်းရှိတဲ့ အရပ်သားတစ်ယောက် ယခုသမ္မတ မဖြစ်နိုင်ဘူး ဆိုတာဟာ
ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ပြောတာနဲ့ အတူတူဘဲ။
အမေစုရှိနေတဲ့ အချိန်မှာမှ ကျနော်တို့ တက်ညီလက်ညီ မကြိုးစားကြဘူး ဆိုရင်
နောင်မှာ အမေစုလိုလူမျိုး ရဖို့ မဖြစ်နိုင်တော့ပါဘူး။
ဆိုလိုတာက နောင်အနာဂတ်မှာ စစ်ဖိနပ်အောက်မှာဘဲ နေကြရမယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ သားတွေက နားရင်းတီးတာတွေ ခံရမယ် ဆိုတာမျိုးတွေ
မျှော်လင့်သာ ထားကြပေတော့။
အာဏာရှင်စနစ်ဆိုတာ အထိန်းအကွတ် ရှိတာမဟုတ်ဘူး
နောင်ဆိုရင် သူတို့ကြိုက်တဲ့မိန်းကလေးကို တွေ့ရင် အပျို အအိုမရှေင်ဘဲ
လာ လိုက်ခဲ့ မလိုက်ရင် ပါးနားတွေ ရိုက်ပြီးခေါ်တာမျိုးတွေ ဖြစ်လာမှာ မလွဲပါ
အမေစုကို မကြိုက်ရင် အချိန်မရွေး ဖြုတ်ချနိုင်ပါတယ် အဲဒီလိုအစိုးရမျိုးတွေ

အုပ်ချုပ်ခွင့်ရအောင် အမေစုကလုပ်ပေးမှာမကောင်းတဲ့အစိုးရ တစ်ခု အကြာကြီး မအုပ်ချုပ်
နိုင်အောင် အမေစုက လုပ်ပေးသွားမှာ
ဒါနောက်ဆုံးပွဲဘဲ ဒီတစ်ခါမနိုင်ရင် တစ်သံသရာလုံးခံပေတော့။
ဒါနောက်ဆုံးပွဲဘဲ ဒီတစ်ခါမနိုင်ရင် တစ်သံသရာလုံးခံပေတော့။
ဒါနောက်ဆုံးပွဲဘဲ ဒီတစ်ခါမနိုင်ရင် တစ်သံသရာလုံးခံပေတော့။
ဒီပွဲအောင်မြင်ပြီးရင် အနာဂတ်မှာ မတရားတဲ့ ခေါင်းဆောင်တစ်ယောက် မတော်တဆ

အရွေးမှားပြီးတက်လာခဲ့သည်ရှိသော် လူထုအာဏာနှင့် ဖြုတ်ချနိုင်တော့မည်။
စစ်အာဏာရှင်လို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခွင့်ရှိမည် မဟုတ်တော့ပေ
ဒေါက်တာ အောင်ခင်
စစ်အာဏာရှင်လို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခွင့်ရှိမည် မဟုတ်တော့ပေ
ဒေါက်တာ အောင်ခင်
Posted by
mya thein
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ အမှုဆောင်ရွေးကောက်ပွဲကို ဆရာကြီး ဆရာမကြီးများ အင်အားသုံး ဝင်ရောက် တားဆီး
ယနေ့ 1.7.2013 နေ့လည် ၁၂ နာရီ အချိန်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၏ အမှုဆောင်ရွေးကောက်ပွဲကို ဒဂုံတက္ကသိုလ်နားနေဆောင်အမှတ် (၂) တွင်
ကျင်းပရာ ဆရာကြီး ဆရာမကြီးများ၏ အင်အားသုံး ဝင်ရောက် တားဆီးခြင်းကို
ခံခဲ့ရကြောင်းသိရှိရသည်။ဒဂုံတက္က သိုလ်ကျောင်းသားများသမဂ္ဂ
အဖွဲ့ဝင်များနှင့် ဒဂုံတက္ကသိုလ် ဆရာကြီး ဆရာမကြီးများကြား ရွေးကောက်ပွဲ
လုပ်ခွင့်ရရေးနှင့် ပတ်သတ်၍ အပြန်အလှန် တင်းမာမှုများဖြစ်ပွားခဲ့ကြောင်း လည်းသိရှိရပါသည်။ ထိုသို့တင်းမာမှုများဖြစ်ပေါ်ခဲ့ ရာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဌေးနှင့်သွားရောက်ညှိနှိုင်းခဲ့သော်လည်း ဆရာကြီးမှ ကျောင်းထဲတွင် လုံးဝခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။သို့သော် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ၏
ဆန္ဒအရ ခွင့်ပြုချက်မရှိသော်လည်း ဒဂုံ တ.က.သ အမှုဆောင်ရွေးကောက်ပွဲကို
နားနေဆောင်အမှတ် ( ၂ ) တွင် အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ
အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
Posted by
mya thein
ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
အစည်းအဝေးတွင် ဦးစိုင်းတောင်ဆီ ကျောက်မဲမဲဆန္ဒနယ် ကိုယ်စား ဦးစိုင်သီဟကျော် မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့စစ်အဖွဲ့ မည်မျှရှိ၍ ဖွဲ့စည်သည့် အခြေခံရမည့်မူ ရှိပါသလား။ ပြည်သူ့စစ်အဖွဲ့ဝင်အင်အား အမှုဖွင့်လျှင် ရဲစခန်းမှ အရေးယူနိုင်ရန် စစ်တပ်၏ ညွှန်ကြားချက်
စောင့်ပြီးမှ အရေးယူရသည့် ဆိုသည်မှာ တည်ဆဲသီးခြားဥပဒေ ရှိပါသလား စပ်လဉ်းသည့်မေးခွန်း။ ဦးကိုကြီး အောင်မြေသာစံ မဲဆန္ဒနယ် ကိုယ်စား ဦးသန်းစိုး သာစည်မဲဆန္ဒနယ်၏ ပဲမျိုးစုံ စိုက်သော တောင်သူများ အတွက် စိုက်ပျိုးစရိတ် ၇၀၀၀၀ အထိ တိုးမြှင့်၍ ချေးပေးနိုင်မှုရှိ /
Posted by
mya thein
Monday, July 1, 2013
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ် ကိုအဖွဲ့ဥက္ကဌ နှင့်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလျယ်များတက်ရောက်ကြသည်။ အစည်းအဝေးတွင်
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ ရွှေးကောက်ပွဲတင်မြောက်ပုံ
စနစ်ပြောင်းလဲရေးအတွက် ဆွေးနွေးဆုံးဖြတ်ပေးပါရန်
တင်ပြစာနှင့် ယင်းနှင့်သက်ဆိုင်သော
သတင်းထုတ်ပြန်ချက်ပြုလုပ်ချင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက၏
ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်း။ ဒေါက်တာဆိတ်ဖွား၏ Above
The Law ခေါင်းစဉ်ပါ ဝေဖန်ချက်
နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်
နာယက၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းတင်ပြခြင်း။ နိုင်ငံတော်သမ္မတက တငါပြလာသော
Convention on the Means of Prohibiting and Preventing the Illicit Import,Export and Transfer of Owner-ship of Cultural Property 1970 သို့ အည်ပြုလက်မှတ်ရေးထိုး ၀င်ရောက်ခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ သက်ဆုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖတ်ကြားရှင်းလင်းတင်သွင်းခြင်း စသည့်အစီအစဉ်များအပါအ၀င် အစီအစဉ် ၂၂ ခုဆွေးနွေး တင်ပြခဲ့
ကြသည်။

ကိုကိုကြီး၏ ငြိမ်းချမ်းရေး အမှာစကား
သီရိဇေယျာခန်းမ၊ သီရိဇေယျာလမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်။ ရန်ကုန်တိုင်းဒေသကြီး။
နေ့ရက်- ၂၉၊ ဇွန် ၂၀၁၃ (စနေ)
တကယ်က ဖိတ်ကြားထားလို့သာ ပြောရတာ။ ကျွန်တော်က ဧည့်သည်မဟုတ်ပါဘူး။ ကျွန်တော် တောင်ဥက္ကလာသားပါ။ တိတိကျကျပြောရရင် ဒီရပ်ကွက်သားပါ။ ကျွန်တော်မွေး ကတည်းက အထက-၁ ကျောင်းရှေ့ ၂၂ လမ်းမှာနေခဲ့တာပါ။ အခုနေတာလည်း တောင်ဥက္ကလာ မှာပါပဲ။ အဲဒီတော့ ဖိတ်ကြားခံရတဲ့ ဧည့်သည်အနေနဲ့ ဆိုတာထက် အိမ်ရှင်အနေနဲ့ လာတာပါ။ ဒီထဲမှာ ကျွန်တော်နဲ့ ကျောင်းနေဖက်တွေ၊ ကျွန်တော့်ညီနဲ့ ကျောင်းနေဖက်တွေ၊ ကျွန်တော်တို့နဲ့ ကစားဖက်တွေ အများကြီး ပါပါတယ်။ ရင်းနှီးပြီးသား မျက်နှာတွေပါပဲ။ ဒါကြောင့်လည်း ဒီပွဲလုပ် မယ်လို့ ဖိတ်စာရရချင်း ကြိုတင်ပြင်ဆင်ချိန်တောင် မရဘဲ တန်းလာခဲ့တာပါ။ ဒီတော့ ငြိမ်းချမ်းရေးအကြောင်း ပြောတော့မယ်ဆို တော့ … ဒီနေ့ တစ်နေ့လုံးက ငြိမ်းချမ်းရေးပဲ။ မနက်မိုးလင်းတည်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီမှာ တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေရော ဆွေးနွေးပြီးတော့ ဒီဖိတ်စာ တွေ့တာနဲ့ ကောက်ခါငင်ကာ ထလိုက်လာတော့ ဒီနေ့တစ်နေ့လုံးက ငြိမ်းချမ်းရေးနေ့လို့တောင် ပြောရမလိုပဲ။
Posted by
mya thein
ကောက်ရိုးမီး အဖြစ် နွံနစ်တော့မည်
ရွှေဂက်စ် ပိုက်လိုင်း ကိစ္စ.. မြစ်ဆုံဆည် ကိစ္စ.. ကျောက်နီမော် မသီတာထွေး
အမှုကိစ္စ.. ရခိုင်အရေး အခင်း ကိစ္စ.. လက်ပံတောင်းတောင် သပိတ်ဖြို
ခွင်းမှု ကိစ္စ.. မိတ္ထီလာအ ရေးအခင်း ကိစ္စ.. ၉၆၉ ကိစ္စ.. မျိုးစောင့် ဥပ ဒေ
ကိစ္စ.. Time မဂ္ဂဇင်း ကိစ္စ.. အိုရီဒို ကိစ္စ.. အခု နောက်ဆုံး ပေါ် သံတွဲ ကိစ္စ..
ဘယ်ကိစ္စ ကိုများ ပွင့်လင်းမြင် သာမှု ရှိတဲ့ ဖြေရှင်းမှုမျိုး ပြည်သူတွေ သိခဲ့ရပါသလဲ?
Rules of Law ကို ထိရောက်စွာ မလုပ်ခြင်းနှင့် ပွင့်လင်း မြင်သာစွာ အများပြည်သူ သို့ ချမပြခြင်း တွေ ကြောင့် မလိုလား အပ်တဲ့ ပဋိပက္ခ တွေနဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး သွားခဲ့ရတာ
ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ?
အမျိုးသား ရေးဝါဒီတွေ ဘယ်အရာကိုမှ တစိုက်မတ်မတ် အာရုံ မစိုက်နိုင်အောင် **ကိစ္စ များမြောင် အမျိုးသား ရေးဘောင်ဖြစ်အောင် ဘောင်ခတ်ပြီး
အစီအစဉ်တကျ ဗျူဟာ တိုက်ကွက် တွေကို သတိထားမိဖို့ လိုအပ်ပါတယ်။
Posted by
mya thein
ဒေါက်တာဆိတ်ဖွားရှာပုံတော်ကြီးနဲ့  လွှတ်တော် ဘာလဲဘယ်လဲ
ဆိတ်ဖွားကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကြေညာမည် ( နေပြည်တော်၊ ဇွန် ၃၀ )
အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွားမည်သူ ဖြစ်သည်ကို ပြည်ထောင်စုလွှတ်တော် တွင် ယနေ့ (ဇူလိုင် ၁ ရက်နေ့) ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ်ကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်ရန် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မရှင်က “ဒေါက်တာဆိတ်ဖွားက လာဝန်ခံထားတယ်လို့ ပြောထားပြီး။ အဲတော့ နာမည် ကြေညာရုံပဲတဲ့။
ဒေါက်တာဆိတ်ပွားရှာပုံတော်ကြီးနဲ့  အလုပ်ရှုတ်နေတဲ့လွှတ်တော်ဟာ ပြည်သူတွေတိုးတက်ဖို့ 
အတွက် ဘာမှမလုပ်နိုင်ဘဲ မရောင်ရာဆီလူး အလုပ်များခဲ့ပါတယ်။လွှတ်တော်ကြီးက စစ်မှန်တဲ့
ဒီမိုကရေစီနဲ့  စီးပွားရေးဖွင့်ဖြိုးတိုးတက်စေရန် ဥပဒေတွေကို အခိုင်အမာဆောက်တည်ဆောက်ပြီး
နိုင်ငံခြားရင်းနှီမြုတ်နှံမှုတွေဝင်လာအောင် လေးလေးနက်နက် ဆောင်ရွက်ကာ ပြည်သူတွေဝင်ငွေရပြီး အလုပ်အကိုင်တွေ ပေါများလာအောင် နိုင်ငံတော်မှ လုပ်ကိုင်မှုမရှိတာကို တွေ့ မြင်ရပါသည်။
ဒီမိုကရေစီ အုပ်မြစ်တည်အောင် ခိုင်ခိုင်မာမာတည်ဆောက်မည် ဆိုသော်လည်း လွှတ်တော်အတွင်း အစိုးရ၏ မတရားမှု အရှုပ်အရှင်းများသာ ဖြေရှင်းနေကြရပါတယ်။ဒေါက်တာဆိတ်ပွားရှာပုံတော်ကို
ကော်မရှင်ဖွဲ့ စုံစမ်းနေတာနဲ့  အချိန်ကုန်နေပါတယ်။အခြေခံဥပဒေကလည်း ခိုင်မာမှုမရှိ ဥပဒေ
ဆိုးမိုးမှုလည်းမရှိ၊ ပြည်သူတွေကိုလည်း ဥပဒေက အကာအကွယ်မပေးနိုင်၊တရားရေးမဏ္ဍိုင်က
လည်း ချစားမှုနဲ့  မတရားမှုတွေအပြည့်၊အချိန်အနည်းငယ်အတွင်း ၂၀၁၅ ရွေးကော်ပွဲ ကျရောက်လာမှာ ဖြစ်ပါတယ်။သန်းကောင်စရင်းလည်း မကောက်ရသေးတဲ့အတွက် ပြသနာ
ပေါင်းစုံနဲ့ ကြုံတွေ့ နေရပါတယ်။
ဒီမိုကရေစီမှာ အတိုက်အခံတွေနဲ့  ဝေဖန်ရေးသမားတွေအများကြီးရှိတယ်ဆိုတာ လက်ခံထားပုံ
မရပါဘူး။ဒေါက်တာဆိတ်ပွားဟာ တယောက်ထဲမဟုတ်ပါဘူး ကိုယ်ပွားတွေအများကြီးရှိတယ်။
တယောက်ကိုထိုးပြပြီး မိပြီဆိုပြီး စစ်အစိုးရလက်ထက်ကလို ပြီးသွားမှာမဟုတ်ပါဘူး ပြည်တွင်းမှာ ကိုယ်ပွားတွေအများကြီးရှိတယ်ဆိုတာ သတင်းတွေကိုကြည့်ရင်သိနိုင်ပြီး အစိုးရသဘောပေါက်
ပုံမရပါဘူး။
ဒေါက်တာဆိတ်ဖွား Above the Law ဆောင်းပါး

GSM/WCDMA ဖုန်းများဖြင့် ပြည်ပ သို့ ဖုန်းခေါ်ဆိုမှုများ အတွက် မြန်မာကျပ်ငွေဖြင့်ပေးဆောင်နိုင်ပြီ
ယနေ့ ဇွန်လိုင်လ ၁ ရက်နေ့မှ စတင်ပြီး GSM/WCDMA သုံးစွဲသူများအနေဖြင့် ပြည်ပဖုန်းခေါ်ဆိုခြင်း Over Sea Call များ အားလုံးကို မြန်မာကျပ်ငွေဖြင့်ပါပေးဆောင်နိုင်တော့မည် ဖြစ်ပြီး ယခင်က ငွေဖြည့်ထားသော ဒေါ်လာငွေများနှင့်ပါ ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သုံးစွဲသူများထံ မက်ဆေ့ခ်ျပို့ သတင်းကောင်း ပါးထားသည်။
(ဇော်လွင်ဝင်း)
Posted by
mya thein
Sunday, June 30, 2013
ယနေ့ (၃၀.၆.၂၀၁၃) မြို့တော်ခန်းမရှေ့ Time Magazine ကန့်ကွက်ဆန္ဒပြပွဲ မြင်ကွင်း
၂၀၁၃ -၆- ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင်ဖော်ပြမည့် သံဃာတစ်ပါးဖြစ်သည့်
ဦးဝီရသူအား THE FACE 0F BUDDHIST TERROR ဟု ဖော်ပြခဲ့ခြင်းအပေါ် မြန်မာအစိုးရ၏
သမ္မတရုံး ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းအပေါ် ရန်ကုန်မြို့ရှိ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများမှထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကို ယနေ့နေ့လည် တစ်နာရီခန့်က မြို့တော်ခန်းမရှေ့တွင် အင်အား တစ် ထောင်ကျော်ဖြင့်
ပြုလုပ်ခဲ့ကြောင်း သိရသည်။

မှတ်သားစရာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်
“သတင်းသမားတွေရဲ့ သြဇာကလည်း မနည်းဘူး၊ အဲဒီတော့ ဒီသြဇာကို
အကောင်းအတွက်သုံးပါလို့ အန်တီသတိပေးချင်တယ်။ တချို့သတင်းသမားတွေက
ကိုယ်သတင်းထူးဖို့ သတင်းဦးဖို့ အဲဒါကို အဓိက ထားကြတယ်၊ သတင်းထူးတာ
သတင်းဦးတာလဲ ကောင်းပါတယ်၊ ဒါတင်မကသေးဘူး သတင်းနဲ့ ပတ်သက်လို့
လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကိုဘယ်လောက်
ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေးစေချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်
Posted by
mya thein
စစ်မှန်တဲ့ ဒီမိုကရေစီ အခိုင်အမာတည်ဆောက်ဖို့  ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမည်
သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။
ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဒီနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အတွက် အစိုးရတစ်ခုတည်း မဟုတ်ဘဲ သတင်းမီဒီယာတွေအပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားလုံးကလည်း ပဋိပက္ခတွေ မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်း
သိမ်းပေးဖို့ အများကြီးလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထား
တယ်ဆိုရင် အစိုးရက ဘာကြောင့် စစ်တပ်ကတဘက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အမြန်
ဆုံးပြင်ဆင်ရန် မကြိုးစားတာလဲ။ဒါကိုဘာကြောင့် ၀န်ကြီးတွေမပြောတာလဲ လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့  စစ်မှန်တဲ့ဒီမိုကရေစီ တည်ဆောက်လို့ မရဘူး။ အောက်ပါ
ဥပဒေ အထောက်အထားများကို မပြင်ဆင်ရင် ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်
ဖော်ဆောင်လို့ မရဘူးဆိုတာ သက်သေပြလိုပါတယ်။
Posted by
mya thein