၂၀၁၂-၇-၃၁
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊
မြိုင်မြို့နယ်၊အုပ်ဘိုအုပ်စု၊ ရွာသစ်ကျေးရွာတွင် သတင်းသုံးနေထိုင်တော်မူ သော ဆရာတော်ဦးတိလောကကို
ရွာသစ်ကျေးရွာမှူး၊
ရယက ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ဦးစန်အောင်၊ဦးဝင်း ရွှေဆိုသူတို့မှ
ရွာဦးကျောင်း
ဆရာတော်ကို ၂၁-၆-၂၀၁၂ နေ့ ညနေ ၄း၀၀ ခန့်ဝန်ကျင်၌ ကျေးရွာတွင် မနေနိုင်
အောင်၊ မနေတတ်အောင်၊ အမျိုးမျိုးသော ယုတ်မာသော စကားလုံးတွေနဲ့ မိဘ
မောင်ဘွားများနှင့်
သူတော် ကောင်တို့ မကြားဝံ့မနာသာသော အမနာပဆဲဆိုခြင်း
တွေဖြင့် ဆရာတော်ကို ကိုးကွယ်နေသော
ဒကာ၊ဒကာမ ဧည့်သည်တွေရှေ့မှာပင်
ဆဲဆိုကြိမ်းမောင်းပြီး သိုးရေခြုံတဲ့ ၀ံပုလွေဖြစ်ကြောင်း၊
မင်းကို ငါက ဘယ်တော့မှ
ကူညီမှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။ ယင်းကဲ့သို့ ဆဲဆိုကြိမ်းမောင်းသော
ကိုထွန်းထွန်းနိုင် ( ရပ်ရွာ ဥက္ကဋ္ဌ၊ ရာအိမ်မှူး) သည် ရွာထဲတွင် ရှိသော ရုပ်ရည်ချော
မောသော
မိန်းမပျိုလေး တစ်ယောက်ကိုစည်းရုံး၍ ရွာဦးကျောင်းဆရာတော်ထံသို့
မြူဆွယ်ဖို့အတွက်
အမျိုးအမျိုးအဖုံဖုံသော နည်းပရိ ယာယ်တွေနဲ့ စေလွတ်ခဲ့
ကြောင်းကိုလည်း သိရှိရပါသည်။
ယင်းသို့စေလွှတ်ရာတွင်လည်း လူတစ် ယောက်မငြင်း နိုင်လောက်အောင် မက်လုံးတွေကိုပေး၍ စေလွှတ်ခဲ့ပါသည်။
ရွာဦးကျောင်းဆရာတော် ဦးတိလောကကို သိက္ခာကျအောင် လုပ်နိုင်ရင်သော်၎င်း၊ ဤရွာသစ်ကျေးရွာကနေ
တခြားရွာကိုသွားနိုင်အောင် လုပ်နိုင်ခဲ့လျင်သော်၎င်း။ သို့မဟုတ်
ဆရာတော်နှင့် မိန်းမပျိုးလေးကို
ဟိုလိုသည်လို ရွာသူ၊ ရွာသားတွေအားလုံးက
ထင်မြင်
ယူဆအောင် လုပ်နိုင်ရင် သော်၎င်း နင်ကြိုက်တာကိုလုပ်ပေးမည်ဟု
ကိုထွန်းထွန်းနိုင်
( ရပ်ရွာ ဥက္ကဋ္ဌ၊ ရာအိမ်မှူး) က မိန်းမပျိုလေးကို တိုက်တွန်းစေခိုင်းခဲ့ကြောင်းကိုလည်း
ယင်းရွာသစ်ကျေးရွာမှ အမည်မဖော်ရဲသော ရွာသားတစ်ဦးက ပြောဆိုခဲ့ ပါသည်။
အဆိုပါ ရွာသစ်ကျေးရွာမှာ လက်ရှိဆရာတော်
ဦးတိလောက မရောက်ခင်က
ဦးတိလောကအရင် မည် သို့သော ဆရာတော်မှ ကျောင်းမထိုင်ဘူးပါ။
ထိုင်ဘူးဖို့အတွက်လည်း
ကျောင်းမရှိပါ၊ ကျောင်းမြေမရှိပါ။ သို့ပါ သောကြောင့် ကျေးရွာမှ
တာဝန်ရှိသော ဦးစိန်ဖေ၊
ဦးကျော်ဝေတို့မှဦးစီးပြီး၊ ၁၃၆၇ ခုနှစ် ၀ါဆိုလဆန်း (၅)ရက်နေ့တွင် ရေစကြိုမြို့နယ်၊
ပခန်းကြီးမှ ဆရာတော်ဦးတိလောကကို မြိုင်မြို့နယ်၊
အုပ်ဘိုအုပ်စု၊ ရွာသစ် ကျေးရွာတွင်
သာရေး၊ နာရေးနှင့် သာသနာအရေးဆောင်ရွက်ခွင်
့ရနိုင်ဖို့အတွက် သတင်းသုံးနေထိုင်ပေးပါရန်
ပင့်လျှောက်ခဲ့လို့ ဒကာ၊ဒကာမတွေအရေး
တွေးပြီး နေရာမရွေးဘဲ ပင့်လျှောက်လာသည့် ခေါင်းပါးသော
နေရာသို့ သည်းခံကာ ကြွရောက်ပေးခဲ့ပါတယ်။ ၀ါဆိုလဆန်း (၈) ရက်နေ့တွင် ခရိုင်၊ မြို့နယ်
သံဃာ့နာယက
ဥက္ကဋ္ဌ၊ သံဃာ့နာယက အတွင်းရေးမှူးတို့၏ စုံညီသောရှေ့မှာပင် ရွာသစ်ကျေးရွာ၏
ရွာအရေးနှင့်
သာသနာ အရေး၊ နာရေး၊သာရေးတို့ကိုဆောင်ရွက်ပေးနိုင်ရန်အတွက်
ရည်ရွယ်၍ ရွာဦးကျောင်းကို
ဆရာတော်အဖြစ် ဆရာတော် ဦးတိလောကကို တင်မြှောက်
ခဲ့ပါတယ်။
(ထိုကဲ့သို့ ဆရာတော်ဦးတိလောကကို ရွာဦးကျောင်းဆရာတော်အဖြစ်
တင်မြောက်တဲ့
အချိန်မှာ ဦးထွန်းနိုင်သည်
ရပ်ရွာဥက္ကဋ္ဌ၊ ရာအိမ်မှူး မဖြစ်သေးပါ)
ဦးထွန်းနိုင်
ရာအိမ်မှူး၊ ရပ်ရွာဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်ကြမှ သူ၏အာဏာ၊ပါဝါကို အခွင့်အရေးယူပြီး၊အသုံးချကာ
ရွာဦးကျောင်းဆရာတော်ဦးတိလောကကို ရွာမှနှင် ထုတ်ဖို့အတွက်နည်းမျိုးစုံနဲ့ ကြိုးစားလာခဲ့ပါသည်။မန္တလေးမှာ
ရှိနေသော ရွာသစ်ကျေးရွာ
သား ဦးဇင်းတစ်ပါးကို ရွာသစ်ကျေးရွာမှာ သူ့အလိုကျထားချင်တာနဲ့
ရွာသစ်ကျေးရွာ မှာ
ကျောင်း-ကန်၊စေတီ-ပုထိုး၊ သိမ်တော်၊ကျောင်းဆောင်များကို မဖြစ်ဖြစ်အောင်
သာသနာ
ပြုထားတဲ့ လက်ရှိ ပခန်းကြီးသား ဆရာတော်ဦးတိလောကကို နှင်ထုတ်ဖို့ကြိုးစား လာခြင်းဖြစ်ကြောင်းကိုလည်း
ရွာသစ်ကျေးရွာမှ ဦးထွန်းနိုင်အကြောင်းကောင်းကောင်း
သိသော အမည်မဖော်ရဲသော ရွာသားတစ်ဦးမှ
ပြောဆိုပါသည်။
လက်ရှိလည်း ယခုအချိန်ထိ ရာအိမ်မှူး ရပ်ရွာဥက္ကဋ္ဌ
ဦးထွန်းနိုင်သည် ရွာဦးကျောင်းထဲတွင်
တစ်ဦး တည်းက လှူဒါန်းထားသော မီးအားပေး မီးစက်ခန်းသော့ကို
သိမ်းယူထားပြီး ရွာဦးကျောင်းသို့ရေပေးတဲ့စနစ်ကို လည်း ပိတ်ဆို့ထားနေသေးကြောင်းလည်း
ရှိနေပါတယ်။ သို့ပါသောကြောင့် ရွာဦးကျောင်းတွင် သတင်းသုံးနေ သော သာမဏေငယ်ကိုရင်လေး
တွေဆိုရင်လည်း
ကျောင်းသို့လာတဲ့ရေပေးစနစ်ကို ပိတ်ဆို့ခံထားရတဲ့အတွက် ကြောင့်
ရေချိုးချင်တိုင်း ရွာထဲသို့
သွားသွားပြီး ရေးချိုးနေရကြောင်းကိုလည်း ရွာဦးကျောင်းရှိ ကိုရင်ငယ်လေး တွေမှ ပြောဆိုကြပါသည်။
ထိုကဲ့သို့ လုပ်ချင်တိုင်းလုပ်နေသော
ရာအိမ်မှူး ကိုထွန်းနိုင်သည် တဖြည်းဖြည်းဆိုသလို
တစ်နေ့ထက် တစ်နေ့ ဆိုးရွာလာသည်ကတော့
လပြည့်နေ့ကျရင် ဒုတ်တွေ၊ဓားတွေနဲ့လူစုပြီး ရွာဦးကျောင်းကိုဝိုင်းမယ်ဟု ကြွေးကြော်လာခဲ့တာကြောင့်
ရွာသားတွေမှမတိုင်ရဲလို့ကြောက် လန့်နေကြသော်လည်း ရွာဦးကျောင်းဆရာတော် ကိုယ်တိုင်က မြို့နယ်ရဲနယ်ထိန်း
ဦးစောဝင်း
ကို အချိန်မှီတိုင်းကြားခဲ့တာနဲ့ပတ်သက်ပြီးလည်း ဆရာတော်ကို အထူးမကျေနပ်ကြောင်း
လာပြီး ကျောင်းတွင်းသို့ ဆဲဆိုကျိန်းမောင်းလာပြန်ပါသေးသည်။ ဒါတွေနဲ့ပတ်သက်ပြီး မြို့နယ်
တရားရုံးသို့ အဆင့်ဆင့်တိုင်ကြားခဲ့သော်လည်း
မြိုင်မြို့နယ် တရားရုံးမှ ဆရာတော်ကို သုံးကြိမ်း
သုံးခါ သာ ဆင့်ခေါ်သော်လည်း ရာအိမ်မှူး
ကိုထွန်းနိုင်ကို ခေါ်ပြီး သတိပေးခြင်းမရှိသေးတာက
လည်း တရားဥပဒေ လုံးဝစိုးမိုးမှု မရှိတာသေချာနေသေးကြောင်း
ရွာဦးကျောင်းဆရာတော်မှ မိန့်ဆိုလာပါသည်။ ထို့နောက် ဆရာ တော်ကပဲ တရားရုံးက ခေါ်လို့ (၈-၆-၁၂။ ၁၅-၆-၁၂။
၁၉-၆-၁၂) နေ့ တရားရုံးကနေ ရွာသို့ပြန်တဲ့ အချိန်တိုင်းမှာလဲ ရာအိမ်မှူး ကိုထွန်းနိုင်တို့
အုပ်စု
လူစုလူဝေး ငါးဆယ်ကျော်လောက်က ဆရာတော်တို့ အပြန်ကို သက်သက်ကြိုစောင့်ပြီး ဆရာတော်နှင့်
ကျောင်းဒကာ လူကြီးသူကောင်းတွေကို လှောင်ပြောင်ပြီး သရော်ကြကြောင်း
ဆရာတော်၏ ဒကာ၊ဒကာမများမှ
ပြောကြားခဲ့ပါသည်။