အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ 
ဆီဒိုးနားဟော်တယ်တွင်တွေ့ ဆုံခဲ့ရာ မြန်မာဒီမိုကရေးစီပြုပြင်ပြောင်းလဲရေးတွင် အဓိကအရေးပါသော
အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အစိုးရ၀န်ကြီးအဖွဲ့ တွင် ပါဝင်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်ဟု ပြောဆိုကာ မြန်မာနိုင်ငံတွင် ထွန်းလင်းထောက်ပနေသော ဒီမိုကရေစီ ပန်းတစ်ပွင့်ဖြစ်သည်ဟုဆိုကာ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်
ရေးနှင့် အမျိုသားပြန်လည်သင့်မြတ်ရေးတို့ ကို အကောင်းဆုံးအကောင်အထည်ဖေါ်ပေးနိုင်သော
ခေါင်းဆောင်တစ်ဦးဖြစ်လိမ့်မည်ဟု ယုံကြည်သည်။
ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ကျွန်တော်တို့ တတွေ
ဟာဒီမိုကရေစီဖွံ့ ဖြိုးရေးအတွက် ဆောင်ရွက်ပေးနိုင်သော ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ပြီးသံတမန်ဆက်ဆံရေး အလေးထားကာ ဒီမိုကရေစီဖွံ့ ဖြိုးရေး အစရှိသည်တို့ ကို ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယအနေဖြင့် လွတ်လပ်စွာ ကူညီဆောင်ရွက်သွားမည်။
အိန္ဒိယနိုင်ငံတွင် ပညာသင်ယူခဲ့ဘူးပြီး ၁၉၉၁ ခုနှစ်တွင် နိုလ်ဘလ် ဆုကို ဒေါ်အောင်ဆန်းစုကြည်ရ
ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအပြောင်းအလဲများကို တနှစ်အတွင်း သမ္မတဦးသိန်း
စိန်နှင့် တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်
ခဲ့သူလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ခေါင်းဆောင်များက အစိုးရရော အတိုက်အခံပါ ဆက်ဆံရေး ကျိုးစား ခဲ့ပေမဲ့ နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမှုမရရှိခဲ့ပါ။
စစ်အစိုးရလက်ထက် အိန္ဒိယနိုင်ငံဆက်ဆံရေးကို နိုင်ငံတကာမှ ကန့် ကွက်မှုများရှိခဲ့သောကြောင့်
ဒီမိုကရေစီ ခေါင်းဆောင်များနှင့် ပြန်လည်ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်သောအနေ
အထားလည်းဖြစ်သည်။
တနလာင်္နေ့က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအောင်မြင်ရန် အတူတကွပူးပေါင်းဆောင်ရွက်
မည်ဖြစ်ပြီး ခရီးသွားဖေါ်အသစ်ကို ပြန်လည်ထူထောင်သောနေ့ အဖြစ် လေကြောင်းသဘောတူညီမှု
အပါအ၀င် အကျိုးတူစီးပွားရေး ၁၂ ခုကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သော နေ့ တနေ့ 
လည်းဖြစ်သည်။မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အတိုးသက်သက်သာသာဖြင့် ချေးငွေ
အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို ကူညီမည်ဖြစ်သည်။

