Wednesday, October 12, 2011

ကိုမင်းကိုနိုင် မွေးနေ့ ပွဲအမှီလွှတ်ပေးရန် တောင်းဆို

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ လွတ်မြောက်တဲ့အထဲ
စာရင်းပေါက်နေပေမယ့် ကိုမင်းကိုနိုင်တစ်ယောက် ပါဝင်လာခြင်း မရှိသလို
ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကိုလည်း ချန်လှပ်ထားခဲ့ပါတယ်။အပြင်ပြန်ထွက်လာ
တဲ့ တခြားနာမည်ကြီးတွေကတော့ ကိုဇာဂနာနဲ့  ဗိုလ်ချုပ်ဆေထင်တို့ ပါဝင်ပါတယ်။
သတင်းများ အမျိုးမျိုးထွက်ပေါ်လျှက်ရှိသည်။

ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ ပွဲကို လာမည့် ၁၈ ရက်နေ့ မှာ ၄၉နှစ် ပြည့်အထိမ်းအမှတ်နဲ့ 
ရန်ကုန်နဲ့ တခြားနိုင်ငံတွေမှာလည်း ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများက မွေး
နေ့ ပွဲလုပ်ဖို့  စီစဉ်ထားပြီး ယနေ့ လွတ်လာသည့် စာရင်းတွင် မပါရှိကြောင်း သိ 
ရှိရ၍ ကိုမင်းကိုနိုင်ကို ခင်မင်လေးစားကြသူများက စိတ်မကောင်းဖြစ်ကြရသည်လို့ 
သိရှိရပါတယ်။

သမတကြီး ဦးသိန်စိန်အနေဖြင့် လူသားခြင်းစာနာထောက်ထားသောအားဖြင့်
မွေးနေ့ အမှီ အမြန်ဆုံးလွှတ်ပေးရန် ပြည်သူများမှတောင်းဆိုလိုက်ပြီး
မွေးနေ့ ပွဲကို ဆင်နွဲနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။