Wednesday, March 28, 2012

စာရေးဆရာ မြင့်မောင်မောင်နဲ့ ကဗျာဆရာ မောင်မောက် (ဥက္ကလာ) ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အမှတ်တရ အခမ်းအနား

မတ်လ ၂၇ ရက်နေ့က စာရေးဆရာ မြင့်မောင်မောင်နဲ့ ကဗျာဆရာ မောင်မောက် (ဥက္ကလာ) တို့ရဲ့ ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ကျန်ရစ်သူ ဆရာမြင့်မောင်မောင်နဲ့ ဆရာမောင်မောက် (ဥက္ကလာ) တို့ရဲ့ မိသားစုတွေအတွက် ထောက်ပံ့ငွေ ကျပ် နှစ်သိန်းစီ ပေးအပ်ခဲ့ပါတယ်။ဆရာမြင့်မောင်မောင်နဲ့ ဆရာမောင်မောက် (ဥက္ကလာ) တို့ဟာ တမြို့နယ်တည်း နေထိုင်တာဖြစ်ပြီး တနှစ်တည်းမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်တဲ့အတွက် အခုလို အမှတ်တရပွဲကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်။အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်လာသူတွေကို ရောင်ပြန်မဂ္ဂဇင်းစာအုပ်နဲ့ အတူ ကွယ်လွန်သူ စာရေးဆရာ နှစ်ဦးရဲ့ ကိုယ်ရေးအကျဉ်း စာစောင်တွေကို ဝေငှခဲ့တယ်လို့ သိရှိရပါတယ်ခင်ဗျာ။